မန္တလေးမှာ စစ်ကောင်စီတပ်သား ကိုယ့်ကိုယ်ကိုသတ်သေ

မန္တလေးမှာ စစ်ကောင်စီတပ်သား ကိုယ့်ကိုယ်ကိုသတ်သေ

စက်တင်ဘာ ၂၃

မန္တလေးတွင်ကင်းကျနေသော စစ်ကောင်စီတပ်ရဲဘော် တစ်ဦးသည် ယနေ့နံနက်စောစောက ကိုယ့်ကိုယ်ကို နားထင်သေနတ်ဖြင့်ပစ်၍ သေဆုံးသွားကြောင်း မျက်မြင်သက်သေတစ်ဦးက မဇ္ဈိမသို့ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်းရပ်ကွက် ၁၂၁ လမ်းနှင့် ၅၆ လမ်း ထောင့်ရှိ ရဲကင်းတွင် အစောင့်ကျနေသော တပ်သား စိန်သန်းသည် နံနက် ၄ နာရီခွဲခန့် က ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့် ညာဘက်နားထင်ကိုပစ်ပြီးသေဆုံးသွားသည်ဟုဆိုသည်။

တပ်သားစိန်သန်းရုပ်အလောင်းကို နန်းတွင်းဆေးရုံသို့ယူဆောင်သွားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly