ဆရီနဂါမြို့၌ အကြမ်းဖက်သမားတို့၏ ပစ်သတ်ခံရသည့် ရဲအရာရှိ၏ ဈာပနသို့ လူပေါင်းထောင်နှင့်ချီ လိုက်ပို့

By IANS
22 September 2021
ဆရီနဂါမြို့၌ အကြမ်းဖက်သမားတို့၏ ပစ်သတ်ခံရသည့် ရဲအရာရှိ၏ ဈာပနသို့ လူပေါင်းထောင်နှင့်ချီ လိုက်ပို့

အိန္ဒိယနိုင်ငံ၊ ဆရီနာဂါမြို့ရှိ ခန်ရာအရပ်တွင် ရဲအရာရှိတစ်ဦးဖြစ်သူ အာရှစ်အာမက်မာအာား အကြမ်းဖက်သမား များက အနီးကပ် ပစ်သတ်ခဲ့ခြင်းအပေါ် ကက်ရှ်မီးယားဒေသတွင် ပြင်းထန်သည့် တုံ့ပြန်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရဲအရာရှိ၏ ဈာပနသို့လည်း လူထောင်နှင့်ချီ၍ လိုက်ပါ ပို့ဆောင်ခဲ့သည်။

ငယ်ရွယ်ရဲရဲင့်သည့် အဆိုပါ ရဲအရာရှိ၏ အလောင်းအား ကွတ်ဝါရာခရိုင်ရှိ ၎င်း၏နေအိမ်သို့ ပြန်သယ်လာချိန်တွင် ပြည်သူအများအပြား တုန်လှုပ်ခဲ့ကြသည်။ ရွာသို့ အလောင်းပြန်လည်ရောက်ရှိလာချိန်တွင် လူတိုင်းပူဆွေးသောက ဖြစ်ခဲ့ကြသလို အမျိုးသမီးများက အော်ဟစ်ငိုကြွေးခဲ့ကြသည်။ ထို့နောက် ထောင်နှင့်ချီ‌သော ပြည်သူများက ဈာပနအခမ်းအနား လိုက်ပို့ခဲ့ရာတွင် အကြမ်းဖက်ဆန့်ကျင်ရေး ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သေဆုံးသွားသူ အာရှစ်အာမက်မာအာ သည် လက်ထောက်စုံစမ်းစစ်ဆေးရေးအရာရှိတစ်ဦးအဖြစ် အစမ်းခန့်အပ်ခံထားရသူဖြစ်ကာ ခန်ရာအရပ်တွင် သရဲဘောင်ကြောင်သူ အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ဆေးရုံသို့ ပို့ခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ဈာပနတွင် ဖခင်ဖြစ်သူ မိုဟာမက်အာရှက်ဖ်အာက “ကျုပ်သား ဘာအမှားလုပ်ခဲ့သလဲ ပြောကြပါ။ သူ့ရဲ့ ဝန်ထမ်းသက်တမ်း ၂ နှစ်အတွင်းမှာ သူက ဘာတွေမှားတာလုပ်ခဲ့လိုလဲ” ဟု လုပ်ကြံသတ်ဖြတ်သူများအား အော်ဟစ်မေးမြန်းခဲ့ရာ ဈာပနတို့ လိုက်ပါပို့ဆောင်သူများအတွက် ပိုမိုအော်ဟစ်ငိုကြွေးစေခဲ့ရသည်။

လက်နက်မပါသူတစ်ဦးကို သတ်ဖြတ်ခဲ့သည့်အပေါ် ကက်ရှ်မီးယားပြည်သူများက အမျက်ဒေါသ ထွက်ခဲ့ကြသည်။

ရဲတပ်ဖွဲ့အကြီးအကဲက လုပ်ကြံသတ်ဖြတ်သူများကို သိရှိထားပြီးဖြစ်ကြောင်း ပြောကြားသည်။

“ရဲရင့်ငယ်ရွယ်တဲ့ အရာရှိတစ်ဦးကို ဆုံးရှုံးလိုက်ရပါပြီ။ သူက ရဲပညာရပ်တွေကို လေ့လာသင်ယူနေခဲ့တယ်။ ကျွန်တော်တို့အတွက်ရော သူ့မိသားစုအတွက်ပါ ကြေကွဲဖွယ်ရာ ဆုံးရှုံးမှုပါ။ သတ်သွားတဲ့သူတွေကိုလည်း သိရှိထားပြီး အရေးယူနိုင်ပါလိမ့်မယ်” ဒုရဲချုပ် ဒီလ်ဘာဂါဆင်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly