နိုင်ငံတကာ အမျက်ဒေါသကြောင့် မိန်းကလေးတွေကို ကျောင်းပြန်တက်ခွင့်ပြုမယ်လို့ တာလီဘန် ပြောလာ 

နိုင်ငံတကာ အမျက်ဒေါသကြောင့် မိန်းကလေးတွေကို ကျောင်းပြန်တက်ခွင့်ပြုမယ်လို့ တာလီဘန် ပြောလာ 

စက်တင်ဘာ ၂၂

ပညာရေးနဲ့ အလုပ်အကိုင်မှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို တာလီဘန်တွေက လုံးဝချန်လှပ်ထားတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိတ်ဆိုးဒေါသထွက်မှုတွေနဲ့ ရင်ဆိုင်ရပြီးနောက်မှာတော့ မိန်းကလေးတွေကို ‘ဖြစ်နိုင်သမျှ အမြန်’ ကျောင်းပြန်တက်ခွင့် ပြုမယ်လို့ အင်္ဂါနေ့မှာ ပြောဆိုလာပါတယ်။ 

သဘောထားတင်းမာတဲ့ တာလီဘန်အုပ်စုရဲ့ ပြောခွင့်ရသူဟာ တစ်ချိန်တည်းမှာပဲ အားလုံးက အမျိုးသားချည်းပဲဖြစ်တဲ့ အာဖဂန်နစ္စတန် အစိုးရရဲ့ ကျန်ရှိ အဖွဲ့ဝင်စာရင်းကိုလည်း ကြေညာပါတယ်။ ကမ္ဘာကို တုန်လှုပ်ခြောက်ခြားစေတဲ့ ထိုးစစ်နဲ့ ကဘူးလ်မြို့ကို သိမ်းပိုက်ပြီး သီတင်းပတ်တွေအကြာမှာ ခုလို ကြေညာတာပဲ ဖြစ်ပါတယ်။ 

တာလီဘန်တွေဟာ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့စဉ်ကာလမှာ လူမဆန်စွာ ရက်စက်ပြီး ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အုပ်ချုပ်ရေး အစိုးရဖြစ်ခဲ့တာပါ။ အဲဒီအချိန်က မိန်းမသားတွေအနေနဲ့ ယောက်ကျားသား ဆွေမျိုးသားချင်း မပါဘဲ အပြင်ထွက်ခွင့် မရှိတာ အပါအဝင် အလုပ်အကိုင်နဲ့ စာသင်ကျောင်းတွေမှာ အမျိုးသမီးတွေကို တားမြစ်ထားတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းလိုက်နိုင်ပြီးနောက် ယခင် အုပ်ချုပ်ရေးထက် ပိုမို ပျော့ပြောင်းစေရမယ်လို့ ကတိခံထားပြီးတဲ့ တစ်လအတွင်းမှာပဲ တာလီဘန်တွေဟာ အာဖဂန်ရဲ့ လွတ်လပ်ခွင့်တွေကို နှစ်ဆတိုး ဖယ်ချနေလျက် ရှိနေတော့တာပါ။ 

“အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အလုပ်လုပ်ခွင့်နဲ့ ပညာသင်ခွင့် ကိစ္စရပ်နဲ့ ပတ်သက်လို့ ဆက်လက် လုပ်ဆောင်နေပါတယ်”လို့ တာလီဘန်ပြောခွင့်ရသူ ဇာဘီဟူလက်ရှ် မူဂျာဟစ်က သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ပြောပါတယ်။ စာသင်ကျောင်းတွေကို အချိန် သတ်မှတ်ချက် မပေးဘဲ ‘ဖြစ်နိုင်သမျှ အမြန်’ ပြန်ဖွင့်မယ်လို့လည်း သူက ဆိုပါတယ်။ 

“အချိန် တော်တော်လေး လိုအပ်တယ်၊ မိန်းမသားတွေနဲ့ မိန်းကလေးငယ်တွေ အလုပ်လုပ်ကိုင်တာ၊ ပညာသင်ကြားတာတွေမှာ ဘယ်လို ဖြေရှင်းကိုင်တွယ်မလဲဆိုတဲ့ ညွှန်ကြားချက်တွေ လိုအပ်နေသေးတယ်၊ ဘာကြောင့်လည်းဆိုတော့ စနစ်က ပြောင်းလဲသွားပြီ၊ အစ္စလာမ္မစ်စနစ်ပဲ အသက်ဝင်လာလို့ ဖြစ်တယ်”လို့ မူဂျာဟစ်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အလယ်တန်းကျောင်းတွေဆီ ပြန်လည်တက်ရောက်ဖို့ မိန်းကလေးတွေနဲ့ ကျောင်းဆရာမတွေကို ဖယ်ချန်ပြီး ယောက်ကျားလေးတွေနဲ့ ဆရာတွေကိုပဲ စာသင်ကျောင်းတွေဆီ ပြန်လာဖို့ အမိန့်ထုတ်ထားခဲ့တာပါ။ 

တာလီဘန်တွေဟာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်ကိုလည်း ချိုးဖျက်နေပြီး ၎င်းတို့ အမြင်ကျဉ်းစွာ အဓိပ္ပာယ် ကောက်ယူတဲ့ ရှာရီယာလော ဥပဒေအောက် ခွဲခြားနေထိုင်စေမှု အကောင်အထည် ပေါ်လာတဲ့အထိ မိန်းမသားတွေဟာ ကိုယ့်လုံခြုံရေးအတွက် နေအိမ်ထဲမှာပဲ နေကြဖို့ တာဝန်ရှိသူတွေက ပြောထားတာလည်းဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly