ပစ်ခတ်ဖြိုခွင်းမှုများရှိခဲ့သော်လည်း လောင်းလုံးမြို့နယ်အတွင်း ဆက်လက်ဆန္ဒထုတ်ဖော်

ပစ်ခတ်ဖြိုခွင်းမှုများရှိခဲ့သော်လည်း လောင်းလုံးမြို့နယ်အတွင်း ဆက်လက်ဆန္ဒထုတ်ဖော်
(ပေးပို့သူ - ထားဝယ်ခရိုင်သပိတ်ကော်မတီခေါင်းဆောင်လူငယ်)

စက်တင်ဘာလ ၂၁ ရက်

နေ့စဉ်လိုလို အကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ စောင့်ကြည့် ပစ်ခတ်ဖြိုခွင်းမှုများရှိပေမဲ့  စက်တင်ဘာလ ၂၁ရက်၊ နံနက်ပိုင်းတွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၁၉ရက်မှာ လောင်းလုံးမြို့နယ်အတွင်း သပိတ်စစ်ကြောင်းအား အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သပိတ်လိုက်ပါသူများ၏ ဆိုင်ကယ် (၁၇)စီးအား မတရားလုယူသွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒေသအချို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က အင်အား ၂၀၀ကျော်ဖြင့် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly