အိန္ဒိယ၏ အာကာသယာဉ် Gaganyaan လွှတ်တင်မည့် အစီအစဉ်ကို လာမည့်နှစ်ကုန်ပိုင်း စတင် ဖွယ်ရှိ

အိန္ဒိယ၏ အာကာသယာဉ် Gaganyaan လွှတ်တင်မည့် အစီအစဉ်ကို လာမည့်နှစ်ကုန်ပိုင်း စတင် ဖွယ်ရှိ

အိန္ဒိယက Gaganyaan ဂြိုဟ်တု လွှတ်တင်မည့် အစီအစဉ်ကို ကို ၂၀၂၂ ခုနှစ်နှောင်းပိုင်း သို့မဟုတ် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် စတင် ဖွယ်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး ဂျစ်အန်ဒရာ ဆင်းဂ်က စက်တင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် လွှတ်တင်ရန်မူလကစီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် နောက်ကျ ခဲ့သည်။ ကမ္ဘာဂြိုဟ်ပတ်လမ်းနိမ့်သို့ လူလိုက်ပါ မည့်ခရီးစဉ်ကို စတင်ရန်ရည်မှန်းထားသည်။

“ ၂၀၂၂ခုနှစ်နောက်ဆုံးထားပြီး Gaganyaan ခရီးစဉ်ကို စေလွှတ်နိုင်မယ်လို့ တကယ်မျှော်မှန်းခဲ့တာပါ။ အိန္ဒိယ လွတ်လပ်ရေး ၇၅နှစ်မြောက်နှစ်ပတ်လည်မှာ လွှတ်ဖို့စီစဉ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကြောင့် ရှောင်လွှဲမရတဲ့ နှောင့်နှေးမှု ဖြစ်လာခဲ့ပါတယ်”

“ ဒါပေမယ့် ၂၀၂၂ ခုနှစ်နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၃ ခုနှစ် အစောပိုင်းမှာ လွှတ်တင်နိုင်ဖွယ်ရှိတယ်ဆိုတာ ကျွန်တော် အသေချာပြောနိုင်ပါတယ်” ဟု သူက ပြောသည်။

အိန္ဒိယကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FICCI) မှ စီစဉ်သော“ အိန္ဒိယ-သမုဒ္ဒရာ ဒေသနိုင်ငံ၏ အာကာသနည်းပညာမိတ်ဖက်များ အနာဂတ်” အမည်ရသည့် အွန်လိုင်းအစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာ ပြည်ထောင်စုဝန်ကြီး ဂျစ်အန်ဒရာက ယခုကဲ့သို့ ပြောကြားခဲ့သည်။

၂၀၁၅-၁၆ ခုနှစ်တွင် အာကာသသိပ္ပံပညာရှင်များနှင့် အစိုးရအရာရှိများ၏ သဘောထားအမြင်ဆွေးနွေးမှုကြောင့် အာကာသ နည်းပညာကို မည်သည့်နေရာတွင် အသုံးပြုနိုင်ကြောင်းနားလည်စေခဲ့သည်ဟု သူက ဆိုသည်။

ဇီဝဗေဒပညာရှင် ၄ ဦးနှင့် အဏုကမ္ဘာမြေစွဲငင်အားအကြောင်းအတွေ့ကြုံရှိသည့် ဒြပ်သိပ္ပံပညာရှင် ၂ ဦး တို့ကို Gaganyaan ခရီးစဉ်၏ မောင်းသူမဲ့မစ်ရှင်အတွက် ဇကာတင် ရွေးချယ်ခဲ့သည်ဟု အစိုးရက ဆိုသည်။

အာကာသနယ်ပယ်တွင် လုပ်ငန်းများစတင်ခြင်းနှင့် စက်မှုလုပ်ငန်းရှင်များပါဝင်လာရေးသည်လည်း အရေးကြီး ကြောင်း သူက အလေးထား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly