Tata အတိုင်ပင်ခံ လုပ်ငန်းက ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၀ဝ ဘီလီယံကျော်သို့ ရောက်ရှိလာ

Tata အတိုင်ပင်ခံ လုပ်ငန်းက ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၀ဝ ဘီလီယံကျော်သို့ ရောက်ရှိလာ

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းများဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကိုကူညီခြင်းဖြင့် လုပ်ငန်းများ တိုးတက်လာသော နည်းပညာဝန် ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသူများက ပိုမိုရင်းနှီး မြှုပ်နှံလာသောကြောင့် အိန္ဒိယ၏ အကြီးဆုံးဆော့ဖ်ဝဲလ်တင်ပို့သည့် Tata အတိုင်ပင်ခံ ဝန်ဆောင်မှုကုမ္ပဏီ(TCS)သည် စက်တင်ဘာလ ၁၅ရက်တွင် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၂၀ဝ ဘီလီယံကျော်ရှိသွားပြီဖြစ်သည်။

Reliance Industries သည် ဈေးကွက်အရင်းအနှီးဒေါ်လာ ၂၀၅ ဘီလီယံကျော်ဖြင့် တန်ဖိုးအကြီးဆုံး အိန္ဒိယ ကုမ္ပဏီဖြစ်သည်။

နှစ်ပေါင်း ၅၀ သက်တမ်းရှိသွားပြီးဖြစ်သည့် TCS ကုမ္ပဏီသည် ၂၀ဝ၄ ခုနှစ်တွင် စတော့ဈေးကွက်တွင် စာရင်းဝင်ခဲ့သည်။

ဒေါ်လာဘီလီယံ ၁၀ဝ တန်ဖိုးရှိသည့် ကုမ္ပဏီဖြစ်လာရန် အချိန် ၁၃နှစ် ခွဲခန့်ကြာခဲ့ပြီးနောက် နောက်ထပ်ဒေါ်လာ ၁၀ဝ ဘီလီယံ အရင်းအနှီးရရှိရန် ၃ နှစ်ခွဲ (သို့မဟုတ်) အချိန် ၃ ပုံ ၁ပုံသာ ကြာခဲ့သည်ဟု ကုမ္ပဏီအမှုဆောင်တစ်ဦးက ပြောကြားခဲ့သည်။

TCS သည် ကမ္ဘာလုံးဆိုင်ရာဖောက်သည်များအား လုပ်ငန်းစဉ်တစ်ခုလုံးအတွက် အကောင်အထည်ဖော်နိုင်ရန် အကြံပေးခြင်းကို ပံ့ပိုးပေးသောကုမ္ပဏီတစ်ခုအနေဖြင့်ရပ်တည်နေသောကြောင့် သစ္စာရှိသော ရင်းနှီးမြှုပ်နှံသူများရရှိထားပြီး ကဏ္ဍအသီး သီးမှ ဖောက်သည်များက ၎င်းတို့၏ စီးပွားရေးကို အသွင်ပြောင်းရန် နည်းပညာများကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းကြောင့် ပိုမိုလျှင်မြန်စွာ တိုးတက်လာနေသည်။

TCS ၏ ကမ္ဘာလုံးဆိုင်ရာပြိုင်ဘက်ဖြစ်သော အိုင်ယာလန်အခြေစိုက် Accenture ကုမ္ပဏီသည် ဈေးကွက် အရင်းအနှီးဒေါ်လာ ၂၁၆ ဘီလီယံ၊ IBM သည် ဒေါ်လာ ၁၂၂ ဘီလီယံနှင့် Infosys သည် ဒေါ်လာ ၉၉ ဘီလီယံ တန်ဖိုးရှိသည်။

ဆယ်စုနှစ်များစွာ နည်းပညာလှိုင်းလုံးပေါင်းများစွာကို Tata အုပ်စုက အဖျက်ဆီးမခံရဘဲ ကျော်ဖြတ်နိုင်သည့် စွမ်းရည်ကြောင့် ဈေးကွက်တရားဝင်တန်ဖိုးက ယခုကဲ့သို့ရှိလာခြင်းဖြစ်ကြောင်း TCS ၏ အမှုဆောင်အရာရှိချုပ် ရာဂျက်ဂိုပီနာသလန်က Economic Times အား လွန်ခဲ့သော သီတင်းပတ်က ပြောကြားခဲ့သည်။

“ အချိန်အခါမရွေး နည်းပညာအပြောင်းအလဲကို ကျွန်တော်တို့ ခံနိုင်ရည်ရှိပါ့မလားလို့ ဈေးကွက်က ကျွန်တော်တို့ကို သံသယရှိခဲ့ပါတယ်။ ဒီဒဏ္ဍာရီတွေက ကျိုးပျက်သွားပြီး၊ ခုတော့ ဈေးကွက်မှာ မြင်တဲ့အတိုင်းပါပဲ” ဟု အမှုဆောင်အရာရှိချုပ် ရာဂျက်ဂိုပီနာသလန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly