စက်တင်ဘာ ၁၉
နေ့စဉ်လိုလိုဆန္ဒပြနေခဲ့သည့် လောင်းလုံမြို့နယ်တွင်းက သပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ကတော့ စစ်ကောင်စီတပ်များ၏ သေနတ်ပစ်ဖောက် ဖြိုခွင်းခံရ ကြောင်း သပိတ်ကော်မတီက ပြောသည်။
"သပိတ်စစ်ကြောင်း ထွက်ဖို့ ပြင်ဆင်နေတုန်း အိမ်စီးကားနဲ့ လူလေးယောက်က သေနတ်ပစ်ဖောက်ကြတာ။ လူတော့မထိဘူး အဖမ်းလည်းမခံရဘူး။ ဆိုင်ကယ် ၁၅ စီးတော့ သူတို့သိမ်းသွားကြတယ် "ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) ကပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ် အင်းဇောက် ကျေးရွာတွင် ပြုလုပ်သည့် လောင်းလုံမြို့နယ်တွင် အဆိုပါ သပိတ်စစ်ကြောင်း သည် မတ်လကတည်းကစ၍ နေ့စဉ်လိုလိုဆန္ဒပြနေခဲ့သည်။