လောင်းလုံသပိတ်စစ်ကြောင်း သေနတ်ပစ်ဖောက် ဖြိုခွင်းခံရ

လောင်းလုံသပိတ်စစ်ကြောင်း သေနတ်ပစ်ဖောက် ဖြိုခွင်းခံရ
ပုံစာ- စက်တင်ဘာလ ၁၈ရက်နေ့ကပြုလုပ်ခဲ့သည့် လောင်းလုံမြို့နယ်အတွင်း စစ်အာဏာရှင်ဆန်ကျင့်ရေး သပိတ်

စက်တင်ဘာ ၁၉

နေ့စဉ်လိုလိုဆန္ဒပြနေခဲ့သည့် လောင်းလုံမြို့နယ်တွင်းက သပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ကတော့ စစ်ကောင်စီတပ်များ၏ သေနတ်ပစ်ဖောက် ဖြိုခွင်းခံရ ကြောင်း သပိတ်ကော်မတီက ပြောသည်။

"သပိတ်စစ်ကြောင်း ထွက်ဖို့ ပြင်ဆင်နေတုန်း အိမ်စီးကားနဲ့ လူလေးယောက်က သေနတ်ပစ်ဖောက်ကြတာ။ လူတော့မထိဘူး အဖမ်းလည်းမခံရဘူး။ ဆိုင်ကယ် ၁၅ စီးတော့ သူတို့သိမ်းသွားကြတယ် "ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) ကပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ၊ လောင်းလုံမြို့နယ် အင်းဇောက် ကျေးရွာတွင် ပြုလုပ်သည့် လောင်းလုံမြို့နယ်တွင် အဆိုပါ သပိတ်စစ်ကြောင်း သည် မတ်လကတည်းကစ၍ နေ့စဉ်လိုလိုဆန္ဒပြနေခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly