လက်နက်နှင့်ရိက္ခာအတွက် ဖယ်ခုံကာကွယ်ရေးတပ် အလှူရှင်ရှာဖွေနေ

လက်နက်နှင့်ရိက္ခာအတွက် ဖယ်ခုံကာကွယ်ရေးတပ် အလှူရှင်ရှာဖွေနေ

စက်တင်ဘာ ၁၉

ကရင်နီပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ကတော့ လက်နက်နှင့် ရိက္ခာဖြည့်တင်းနိုင်ရေးအတွက် အလှူရှင်များရှာဖွေလျှက်ရှိသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF) လက်အောက်ခံတပ်ရင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့ဝင်များသို့ မောင်းပြန်လက်နက်များ အပြည့်အစုံတပ်ဆင်ပေးနိုင်ရေးနှင့် ရိက္ခာများ ဖြည့်တင်းရန်လိုအပ်နေသည်ဟု မဇ္ဈိမကိုပြောသည်။

" နောက်ပိုင်းရဲဘော်တွေအတွက်မောင်းပြန်တွေမဝယ်နိုင်တော့ဘူး။ အရမ်းဈေးကြီးသွားတယ်။ လက်လုပ်တွေနဲ့ အစုံ စုပြီး တိုက်နေရတယ် " ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရန် အဖွဲ့သို့ဝင်ရောက်လာသော လူငယ်များအရေအတွက် များပြားလာခြင်းနှင့် အတူ လေ့ကျင့်ရေးကုန်ကျစားရိတ်၊ တိုက်ပွဲများဖော်ဆောင်ရေးတို့တွင် ဘဏ္ဍာငွေလိုအပ်မှုမြင့်တက်လာနေသည်။

" တောထဲမှာနေရတာဆိုတော့ အကုန်ခက်ခဲပါတယ်။ Uniform (ဝတ်စုံ) ကအရေးကြီးပေမယ့် လက်နက်တော့ အယောက်တိုင်းပေးချင်တာပါ။ မောင်းပြန်ဖြစ်ဖြစ် လက်လုပ်ဖြစ်ဖြစ်ပါ။အခုက အကုန်ချင့်ချိန်ပီး လုပ်နေရတယ်။ အကူညီရရင်ဆက်လုပ် မရရင်ခဏနားပေါ့ " ဟုကာကွယ်ရေးတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကူညီလိုအပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပြားသည့်အတွက်အမျိုးသား ညီညွတ်ရေး အစိုးရ ( NUG) ၏ ထာက်ပံ့မှုကို အများကြီး မျှော်လင့်မထားကြောင်းလည်းပြောသည်။

ကရင်နီပြည်နယ် နှင့် ရှမ်း နယ်စပ် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် နေ့စဉ်ဆိုသလိုတိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်ကျဆုံးမှုလည်းများသည်ဟု ကာကွယ်ရေးတပ်ဘက်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly