နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၈ စက်တင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၈ စက်တင်ဘာ ၂၀၂၁)
(Photo : : CJ - စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးမြို့ မဟာအောင်မြေမှ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

စက်တင်ဘာလ ၁၈ ရက်

စစ်ကောင်စီ

· ပြင်ဦးလွင်မြို့သည် မြို့တည်သက်တမ်းနှစ်ပေါင်း ၁၀၀ခန့်ရှိပြီး သမိုင်းကြောင်းအစဉ်အလာ ရှိသည့်မြို့ ဖြစ်သည် နှင့်အညီ မြို့ဂုဏ်သိက္ခာနှင့်လျော်ညီသော အာကစားကွင်းတစ်ခုဖြစ်ရေး၊ပရိတ်သတ်များ အဆင့်မီမီ ကြည့်ရှုနိုင် စေရေး စတဲ့အချက်တွေက်ု ထည့်သွင်းတွက်ချက် ပြင်ဆင်စေလိုကြောင်း စစ်ခါင်းမင်းအောင်လှိုင်က ပြောပြန်သည်။

· ကော်ဖီကို မျိုးကောင်းမျိုးသန့်ရရှိ စနစ်ကျနရေး၊ဈေးကွက်ရရှိရေးနှင့်အရင်းအနှီး လိုအပ်ချက်တို့အတွက် နိုင်င့တော်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမြင့် ကော်ဖီ ထုတ်ကုန်များ ရရှိစေရေး ကြိုပမ်းဆောင်ရွက်စေလိုကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် က ထပ်ပြောသည်။

· ကိုဗစ်အလွန် မြန်မာခရီးသွားကဏ္ဍပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)စွဲမက် ဖွယ်ရာ ပြည်မြန်မာ ကျန်းမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ထုံးလုပ်နည်း အစီအစဉ်ထုတ်ပြန် ကြေညာမှုအခြေ အနေများကို မဲခေင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် စစ်ကောင်စီ ဝန်ကြီးဒေါက်တာဌေးအောင်က တင်ပြသည်။

· စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ရေအေးကျေးရွာအနီး ကာကွယ်ဆေးထိုးပြန်လာသည့် ယာဉ်တန်းကို ရီမုလက်လုပ် ဆွဲမိုင်းကားလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း စစ်ကောင်စီ ဝါဒဖြန် သတင်းစာတွင် ဖော်ပြထားသည်။

· မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်( PDF) နှင့် စစ်ကောင်စီတပ်တို့အနက် မည်သည့်အဖွဲ့အစည်းကို ထောက်ခံကြောင်း ရပ်ကွက်၊ ကျေးရွာများအလိုက် လူထုထောက်ခံမှုရာခိုင်နှုန်းကို ကောက်ယူရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

· ယမန်နေ့က ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသော ရဲ(၁၃) ဉီးနှင့် တပ်သား(၉) ဦးရှိပြီး ယခုအချိန်တွင် အာဏာ သိမ်းစစ်ကောင်စီ၏ ဖိအားကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားများ အခက်အခဲပေါင်းစုံဖြင့် တွေ့ကြုံနေ ရသည်ကို ကျွန်ုပ်တို့ ဝန်ကြီးဌာနမှ သိရှိနေကြောင်း၊ အဆိုပါဖိအားများကို တွန်းလှန်ရန်ကျွန်ုပ်တို့ အားလုံး စုပေါင်းအားဖြင့် ကြိုးစား အားထုတ်ရမည်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

· အမျိုးသားညီညွတ်ရေးအစိုး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဒေါ်မြနန္ဒာသင်းအား အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

· မြဝတီမြို့နယ်၊ လေးကေကော်မြို့သစ် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများသည် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသတွင်း ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလာ မည့်သတင်းများကြောင့် နေအိမ်ခြံဝင်းများ တွင် ဗုံးခိုကျင်းများကို လုံခြုံရေးအရ ပြင်ဆင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန် ကျေးရွာတွင် ယမန်နေ့ စက်တင်ဘာလ ၁၇ရက်နေ့ ညနေ ၆နာရီ ၃ဝမိနစ် အချိန်ခန့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အသက် ၁၅နှစ်အရွယ် ကလေးငယ် မောင်ရင်မောင်သန့်ကို ပစ်သတ်ခဲ့ကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

· ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ပိုင်းကျေးရွာ သပိတ်စစ်ကြောင်းက ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်ခွေးတပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများ၊ လူငယ်များနှင့် ကျောင်းသူ/သားများ ပူးပေါင်းပါ ဝင်သော "ခြောက်တိုင်းကြောက်မယ့်အထဲမှာ လောင်းလုံးသား/သူတွေမပါဘူး" သပိတ်စ စ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· သရက်ချောင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယနေ့ စက်တင်ဘာလ ၁၈ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် ချေမှုန်းရေး လူငယ်များ ဦးဆောင်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ၊ ကမ်းနားသဲကွင်းတွင် ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း စစ်သားနှင့်ရဲများ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် နှိုးဆော်ပိုစတာများ ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြသည်။

· ‌ရှမ်းပြည်နယ်တောင်ပိုင်း၊ ‌ကလောမြို့နယ်၊ အောင်ပန်းမြို့မှ ပင်းတယသို့အထွက် ကားလမ်း၏ အနောက် ဘက်ရှိ နောင်ရဲကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၉ နာရီမှ စတင်ကာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် စစ်ကောင်စီနှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ၁ နာရီခွဲခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသသတင်းရင်းမြစ် ကလောမြို့မီဒီယာတွင် ဖော်ပြသည်။

· မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့က အကြမ်းဖက် လူသတ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် လူသတ် စစ်ကောင်စီ တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

· မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့က မနော်ဟရီ လမ်းမကြီးပေါ်တွင် ဖက်ဆစ် စစ်ခွေးတပ် အမြစ်ပြတ် ချေမှုန်းရေး မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂ ဗကသများ အဖွဲ့ချုပ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေး၊ ပုသိမ်ကြီးမြို့နယ် လိမ်ပင်ရွာဘက်ရှိ မန္တလေးနည်းပညာတက္ကသိုလ် အနီး Mytel တာဝါတိုင်ကို ယနေ့နံနက် ၅နာရီခန့်က နောင်ရိုးပျောက်ကြားတပ်ဖွဲ့မှ ဖောက်ခွဲခဲ့သည်။

· မန္တလေးတွင် အကြမ်းဖက် စစ်ခွေးတပ် နှိမ်နင်းဖြုတ်ချရေးအတွက် စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး အထွေထွေ တပ်ပေါင်းစု သပိတ်စစ်ကြောင်းသည် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြသည်။

· မန္တလေး၊ သိပ္ပံလမ်းမကြီးထက်တွင် တည်ရှိသော မော်တော်ပီကယ်ရုံးတွင် စာတန်းကို ချိတ်ဆွဲခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုံဆော်စာများကို မန္တလေးသပိတ်အင်အားစုရဲ့ လူထု လှုပ်ရှားမှုအဖြစ် ယနေ့ နံနက်ပိုင်း ပြုလုပ်ကြသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းသည် စက်တင်ဘာလ ၁၈ ရက် နံနက်တွင် အကြမ်းဖက်လူသတ်စစ်ကောင်စီ ဖြုတ်ချရေး ကျေးရွာများအတွင်း လှည့်လည်ကာ ချီတက်ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ သက်ကယ်ကျင်းကျေးရွာအနီးရှိ အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မိသားစုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်နှင့် ဆက်စပ်စက်ပစ္စည်းများ ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၇ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

· စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တောကျောင်းကျေးရွာရှိ တော်လှန်ပြည်သူများသည် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ လူထုတရပ်လုံး ပုန်ကန်ထကြွစို့စာတမ်းများကိုင်ဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရး၊ အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံကြိုဆိုရေး စက်တင်ဘာလ ၁၈ ရက် နံနက်တွင် ကြွေးကြော် ချီတက်ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရှိ ကျေးရွာများမှ တော်လှန်ကျောင်းသားပြည်သူများသည စက်တင်ဘာ ၁၈ ရက် နံနက်တွင် စစ်ကျွန်မခံ တို့တော်လှန်၊ လူထုတိုက်ပွဲ တို့တဆင်နွှဲ ဟုကြွေးကြော်ကာ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဖြုတ်ချရေး၊ NUG အစိုးရ ထောက်ခံရေး ချီတက်ဆန္ဒပြကြသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာ ၁ ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ထောက်ခံ ကြိုဆိုရေးနှင့် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ် ဖြုတ်ချရေး စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်း၌ ကျေးရွာအတွင်းလှည့်လည် ချီတက်ဆန္ဒပြကြသည်။

· အကြမ်းဖက် လူသတ် ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိသည်ဟု သတင်းထွက်၍ စစ်ခွေးတပ်လက် ကိုင်တုတ်များဖြင့်လုံခြုံရေးထူထပ်သိပ်သည်းစွာ ချထားသော မြစ်ကြီးနားမြို့တွင် မြစ်ကြီးနား အကသများ က ယနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်မှောက်ကြသည်။

· ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း၊ ၃ ရပ်ကွက်၊ လှည်းတန်းလမ်းမပေါ် King လက်ဖက်ရည် ဆိုင်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဟု အများက စွပ်စွဲသတ်မှတ်ခံထားရသူ သာဆန်း ယနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

· ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်ရှေ့ အပါအဝင် မြို့နယ်အများအပြားတွင် ဗုံးပေါက်ကွဲမှုများ ယမန်နေ့ည ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required