အဆင့်မြင့်လက်နက်များရှိသော်လည်း တရုတ်တပ်ဖွဲ့များက ကုန်းမြင့်ဒေသများတွင် မတိုက်ခိုက်နိုင်

အဆင့်မြင့်လက်နက်များရှိသော်လည်း တရုတ်တပ်ဖွဲ့များက ကုန်းမြင့်ဒေသများတွင် မတိုက်ခိုက်နိုင်

တရုတ်တွင် လက်နက်များ၊ ခဲယမ်းမီးကျောက်များနှင့် အဆင့်မြင့်လက်နက်များပိုမိုများပြားလာခြင်းသည် ကွန်မြူနစ်အစိုးရက စစ်စွမ်းရည်ကိုမြှင့်တင်ရန်နှင့် ယင်းတပ်ဖွဲ့များကို ပိုမိုခေတ်မီစေရန် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ဖော်ပြနေသည်။

အဆင့်မြင့်လက်နက်များရှိနေသော်လည်း တရုတ်တပ်ဖွဲ့များသည် ကုန်းမြင့်ဒေသများတွင် မတိုက်ခိုက်နိုင်ကြောင်း မီဒီယာတစ်ခုက စက်တင်ဘာ ၁၄ရက်တွင် ဖော်ပြခဲ့သည်။

တရုတ်သည် ကုန်းမြင့်ဒေသများသို့ ပစ္စည်းများကို အောင်မြင်စွာပို့ဆောင်ရန်နည်းလမ်းများ အားနည်းနေသလို သေနင်္ဂဗျူဟာ တိုက်ခိုက်ရေးစွမ်းရည်များ လိုအပ်နေသေးသဖြင့် လက်နက်သစ်များနှင့် တိုက်ရိုက်ပစ်ခတ် လေ့ကျင့်မှု များသည် ထိရောက်မှု အနည်းငယ်သာရှိနိုင်သည်ဟု အမေရိကန်အခြေစိုက် National Interest မဂ္ဂဇင်းက စက်တင်ဘာ ၁၄ရက်တွင် ဖော်ပြခဲ့သည်။

စစ်ရေးစွမ်းရည်ကိုပြသရန် နောက်ဆုံးကြိုးပမ်းမှုတစ်ခုအနေဖြင့် ယနေ့ခေတ် ပြည်သူ့ လွတ်မြောက်ရေး တပ်(PLA)သည် အနောက်ပိုင်းကုန်းပြင်မြင့်ဒေသတွင် ဒုံးကျည်အသစ်များနှင့် အမြောက်များ ပစ်လွှတ်စစ်ရေးလေ့ကျင့်ခဲ့သည်။

PLA သည် PHL-11 အလိုအလျောက်ပစ်ခတ်နိုင်သည့် ဘက်စုံပစ် ဒုံးကျည်လောင်ချာအသစ်၊ PCL-161 အလို အလျောက်ပစ်ခတ်နိုင်သည့် ဟောင်ဝဇ္ဇာအမြောက်နှင့် PHL-03 တာဝေးပစ် ဘက်စုံ ဒုံးကျည် လောင်ချာများကို ပစ်ခတ်လေ့ကျင့်ခဲ့ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ဖြစ်သည့် The Global Times ဖော်ပြခဲ့သည်။ ယင်းလက်နက်များကို ကုန်းမြင့်ဒေသများတွင် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်မှုအတွင်း ပေါ်ထွက်လာသော တရုတ်လက်နက်များသည် တောင်တန်းမြေပြင်အနေအထား၏ မြင့်မားသောအပိုင်းတွင် တိကျမှန်ကန်သော သေနင်္ဂဗျူဟာစစ်ဆင်ရေးကိုပြုလုပ်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း တရုတ်သည် ရွေ့ပြောင်းလွယ်သည့် အမြောက်များ သို့မဟုတ် ဒုံးပျံပစ်လောင်ချာစနစ်များကို လေကြောင်းမှ ချပေးနိုင်သည့် အမေရိကန် Chinook ရဟတ်ယာဉ်ကဲ့သို့သော ရဟတ်ယာဉ်များ နည်းနေသေးသည်။

ယင်းအခြေအနေတွင် အသစ်နှင့် အဆင့်မြင့်လက်နက်စနစ်များသည် ကုန်းမြင့်ဒေသများတွင် ဖြန့်ကျက် နေရာချမှု ပြဿနာကို ရင်ဆိုင်ရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly