စက်တင်ဘာ ၁၇ ရက်၊ ည ၉ နာရီအချိန်ထိ နောက်ဆုံးရသတင်း

17 September 2021
စက်တင်ဘာ ၁၇ ရက်၊ ည ၉ နာရီအချိန်ထိ နောက်ဆုံးရသတင်း

စစ်ကောင်စီက စံပြ ၆ မိုင် အနီးတဝိုက်ကို ခြေကုပ်ယူဖို့ကြိုးစားနေတယ်လို့ KNDF ကပြောပါတယ်။

၁၅ ရက်အတွင်း KNU တပ်မဟာ ၅ ဒေသထဲမှာ စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၇၀ ဝန်းကျင် သေဆုံးကြောင်း knu ကပြောပါတယ်။

အောင်ပန်းမြို့က  PNO ရုံးဗုံးပေါက်ကွဲခဲ့ပါတယ်။ စစ်ကောင်စီတပ် ခမရ (၃၀၉) ဒုတပ်ရင်းမှူး သေဆုံးသွားပါတယ်။

CDF-ဟာခါး ဆီကို စစ်တပ်က ၆ ယောက်၊ ရဲတပ်ဖွဲ့က ၁၅၀ ကျော် CDM ဝင်ရောက်လာခဲ့ပါတယ်။

တောင်ကုတ် NLD အမတ်ဟောင်း ဦးမင်းအောင်ကို ထောင်ဒဏ်၂ နှစ်နှင့် ၂ လ ချမှတ်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly