ဘိုကလေးမြို့၊စိန်ဟိုင်းကျေးရွာက Mytel တာဝါတိုင် မီးရှို့ခံရ

ဘိုကလေးမြို့၊စိန်ဟိုင်းကျေးရွာက Mytel တာဝါတိုင် မီးရှို့ခံရ

စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင်ကို အမည်မသိ လူတစ်စုက စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၃ နာရီလောက်မှာမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

မီးရှို့ခံခဲ့ရတာကြောင့် ဆိုလာပြား၊ဝါယာကြိုးတွေနဲ့ ထရန်စဖော်မာပုံးတွေပါပျက်စီးသွားခဲ့တယ်လို့ သိရပြီး မြင်းကုန်းကျေးရွာအုပ်စုအပိုင် စခန်းမှူးနဲ့နယ်ထိန်းတွေက စိန်ဟိုင်းကျေးရွာမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

ဘိုကလေးမြို့နယ်၊စိန်ဟိုင်းကျေးရွာက Mytel တာဝါတိုင် ဖျက်စီးခံရမှူဟာ ဧရာဝတီတိုင်းအတွင်း အာဏာသိမ်း စစ်အုပ်စုပိုင် Mytel တာဝါတိုင် ပထမဆုံး ဖျက်ဆီးခံရမှုဖြစ်ပြီး မြို့နယ်တိုင်းမှာရှိတဲ့ Mytel တာဝါတိုင်တွေမှာလည်း အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေကို ကင်းပုန်းတွေချထားပြီး စောင့်ကြည့်ခိုင်းထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly