နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၄ စက်တင်ဘာ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၄ စက်တင်ဘာ ၂၀၂၁)
(Photo : : CJ - စက်တင်ဘာလ ၁၄ ရက်၊ မန္တလေးမြို့ ဒေသခံလူငယ်များ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်)

စစ်ကောင်စီ

·       ပဲခူးတိုင်းဒေသကြီး၏ တပ်နယ်ဖြစ်သည့် အင်းတကော်မြို့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီဘဏ်မှ ငွေ သယ်ယာဉ်ကို ဓားပြတိုက်ခံရမှု ကျူးလွန်သူများမှာ PDFများဖြစ်ကြောင်း စစ်ကောင်စီမှ စွတ်စွဲပြောဆိုသည်။

·       အကြိမ် (၂၀) မြောက်   အာဆီယံ - တရုတ်  စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊     (၁၈) ကြိမ်မြောက် အာဆီယံ -ကိုရီးယား စီးပွားရေးဝန်ကြီးများ အစည်း အဝေး၊ (၁၃) ကြိမ်မြောက် မဲခေါင် - ဂျပန် စီးပွားရေး ဝန်ကြီးများ အစည်းအ ဝေး၊   အာဆီယံ-ဆွစ်ဇာလန် Troika   စီးပွားရေး    ဝန်ကြီးများအစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး စီးပွားရေး ဝန်ကြီးများအစည်းအဝေးတို့ကို   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံးမှ ပါဝင်တက်ရောက်ကြောင်း ဝါဒဖြန့် စစ်ကောင်စီ သတင်းတွင်ဖော်ပြထားသည်။

·       စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ အကြမ်းဖက်စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်  ၆၄ စစ်လက်ရုံး ရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်ဟု စကစ ဝါဒဖြန့် သတင်းတွင်ဖော်ပြထားသည်။

·       အာဆီယံ − တရုတ် ပိုးမွှားရောဂါကင်းစင်ရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်(၇)ကြိမ်မြောက် အစည်း အဝေးကို  ယနေ့ နံနက်ပိုင်းတွင် Video Conference ဖြင့် ကျင်းပရာ စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်ကြောင်း စကစ သတင်းတွင်ဖော်ပြ ထားသည်။

·       စစ်ကောင်စီ ဗဟိုဘဏ်မှ စက်တင်ဘာ ၁၃ ရက်နေ့က အမေရိကန် ဒေါ်လာ ၁၅သန်းရောင်းချခဲ့ကြောင်းသိ ရပြီး တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၇၅၀ကျပ်ဖြင့်ပျမ်းမျှ သတ်မှတ်ရောင်းချခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ

·       ၂၀၁၂ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း၌ လက်နက်ကိုင်တိုက်ပွဲများနှင့် ပဋိပက္ခ ဖြစ်စဉ်ပေါင်း (၁၁၇၁)ဖြစ်ပွားခဲ့ပြီး ထိုအထဲတွင် လက်နက်ကိုင်တိုင်ပွဲ (၁၈၀)၊ပြည်သူများ၏ ခုခံတော် လှန်မှုဖြစ်စဉ် (၁၅၇) လုပ်ကြံခံရမှုဖြစ်စဉ် (၂၂၇)၊ပေါက်ကွဲမှုဖြစ်စဉ် (၂၈၀) စကစ၏ အရပ်သားများ အပေါ် အကြမ်းဖက်မှုဖြစ်စဉ် (၃၀၉)ခုနှင့် စကစ အချင်းချင်းပစ်ခတ်မှုဖြစ်စဉ် ၁၈ ခုရှိကြောင် NUG မှ ထုတ်ပြန်ထားသည်။

·       ပြည်သူများ၏ အင်အားနှင့် စစ်ကောင်စီပြုတ်ကျရေးကို ဆက်လက်လုပ်ဆောင်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြားခဲ့သည်။

·       စစ်ကိုင်းတိုင်းက မြို့နယ်များတွင် ဇွန် ဇူလိုင် သြဂုတ်လ သုံးလအတွင်း စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် အနည်းဆုံး ပြည်သူ ၂၀၀ကျော် သေဆုံးခဲ့ရသည်။ယင်းအခြေအနေကို စက်တင်ဘာလအတွင်း ကျင်းပမည့် လူ့အခွင့်အရေးကောင်စီအစည်းအဝေး၌  အဆိုပါပြစ်မှုများသည် ခိုင်လုံသော  သက်သေအထောက်အထား အဖြစ် ထွက်ပေါ်လာမှာ ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောသည်။

·       လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စစ်ကောင်စီက နေ့စဥ်ရက် ဆက် ကျူးလွန်နေသော အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများအကြောင်းကို  အချိန်နှင့်တပြေးညီ ပေးပို့နေ ပြီး သီးသန့်အစီရင်ခံစာတစောင်ကိုလဲ မကြာမီ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

·       သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် နိုဝင်ဘာလ အထိ ဆက်လက်ခန့်ထားရန် အမေရိကန် နှင့် တရုတ်တို့အကြား သဘောတူထားကြောင်း အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်း၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

·       ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် ၄၉ ရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ ဦးနိုင်လင်းဆိုသူအား အမှတ် ၄၉ ရပ်ကွက်၊ ဗိုလ်မှူးအေးချိုလမ်းနှင့် လဂွန်းအိမ်လမ်းထောင့်တွင် ယမန်နေ့ နေ့လည် ၂ နာရီဝန်းကျင်ခန့်၌ အမည်မသိ သေနတ်သမားနှစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်းသိရပါသည်။

·       ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ်ကို နယ်ပယ်ပေါင်းစုံမှ တော်လှန်ကြရန် စက်တင်ဘာလ ၁၄ ရက်နေ့တွင် လူငယ်များ ဦးဆောင်၍ ချီတက် ဆန္ဒပြကြသည်။

·       ရန်ကုန်မြို့၊ ဒေါပုံသင်္ဘောကျင်းမှတ်တိုင်အနီးရှိ သင်္ဘောသားရုံး (DMA ရုံး)တွင် ယနေ့ စက်တင်ဘာ ၁၄ရက် နေ့လည် ၁၂နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်။

·       စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၆ မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ် အပါ အဝင် မြို့နယ်များတွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်လိုက်ကြောင်း သိရသည်။

·       မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့က "စနစ်ဆိုးကို အမြစ်လှန် ပြည်သူအားလုံး ပုန်ကန်" ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

·       မန္တလေးမြို့ရှိ လူစည်ကားရာဈေးနေရာများနှင့် အဓိကမိန်းလမ်းမများပေါ်တွင် ယနေ့ စက်တင်ဘာ ၁၄ရက်နေ့တွင် "စစ်ကို စစ်နဲ့ တုံ့ပြန်ကြ၊ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်၊ ကယ်တင်ရှင် ဘယ်သောအခါမှမရှိပေ" လူထုလှုံ့ဆော်ရေး စာရွက်များ မန္တလေးမြို့နေရာအနှံ့တွင် ဗကသများအဖွဲ့ချုပ် ဦးဆောင်ကာ ဆိုင်ကယ်များဖြင့် လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် ဘုရားကြီးသပိတ်စစ်ကြောင်း၊ မန္တလေးမြို့အခြေစိုက် လူထုသပိတ်စစ်ကြောင်းနှင့် ဘာသာပေါင်းစုံ သပိတ်စစ်ကြောင်းတို့ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့က "ပြည်သူမုန်းတဲ့ စစ်ခွေးဘဝ အချိန်ရှိတုန်းအလင်းဝင်ကြ" ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မန္တလေးမြို့၊ တရုတ်ကောင်စစ်ဝန်ရုံးချုပ်အနီးရှိ News Ocean စျေးဝယ်စင်တာတွင် အကြမ်းဖက် စစ်ခွေးတပ် ဖြုတ်ချရေးအတွက် လူငယ်များက ယနေ့ စက်တင် ဘာလ ၁၄ ရက်နေ့ ဆန္ဒပြကြကြောင်း သိရှိရသည်။

·       မန္တလေးတွင် စစ်အာဏာရှင်ကို နေ့စဥ်မပြတ် လူထုတိုက်ပွဲနှင့်အတူ တော်လှန်နေသော မန္တလေးမြို့အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ သပိတ်စစ်ကြောင်းသည် ယနေ့ စက်တင်ဘာ ၁၄ ရက်နေ့တွင်လည်း ချီတက် သပိတ်မှောက်ကြသည်။

·       "စစ်ကို စစ်နဲ့တုံ့ပြန်ကြ၊ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်၊ ကယ်တင်ရှင် ဘယ်သောအခါမှမရှိ"စတဲ့ စာသားများ ရေးသားထားသည့်  လှုံ့ဆော်ရေးစာရွက်များကို စက်တင်ဘာ ၁၄ရက်၊မွန်းလွဲပိုင်းတွင် ဗကသများ အဖွဲ့ချုပ်က မန္တလေးမြို့၊ လူစည်ကား သည့်နေရာများ၌  ဖြန့်ဝေခဲ့ကြောင်း သိရသည်။

·       မန္တလေးတွင် ယနေ့ စက်တင်ဘာလ ၁၄ရက်နေ့က " ပြည်သူ့တပ်မတော် ချီတက်ခဲ့ပြီ" အကြမ်းဖက် ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး မန္တလေးလူငယ်များ သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ အမျိုးသမီးများစုပေါင်း၍ 'နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု' အဖြစ်ယနေ့ ပြုလုပ်ခဲ့ပြီး NUG အစိုးရတရားဝင်အသိမှတ်ပြုမှုရရှိရေးနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တောင်းဆိုခဲ့သည်။

·       ထားဝယ်ခရိုင်၊ ကံပေါက်ဒေသတွင် နှင်းဆီရောင်အမျိုးသမီးများလှုပ်ရှားမှုဖြင့် စစ်အာဏာရှင်ဖြုတ်ချရေး စက်တင်ဘာလ ၁၄ ရက် နံနက်တွင် ဆန္ဒပြကြသည်။

·       မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် အနောက်ပိုင်းဇုန်ရှိ ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ စက်တင်ဘာလ (၁၄)ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ခွေးတပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       မုံရွာ-အမြင့်လမ်းရှိ ကျေးရွာများမှ တော်လှန်ပြည်သူများသည် ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြု သံအမတ် ခန့်အပ်ရန် ဦးကျော်မိုးထွန်းအား ထောက်ခံကြောင်းနှင့် စစ်အာဏာရှင် ဖက်စစ်တပ်ကို တော်လှန်ကြောင်း စက်တင်ဘာလ ၁၄ ရက်တွင် ကျေးရွာများအတွင်းလှည့်လည်ကာ ဆန္ဒထုတ်ဖော် သပိတ်မှောက်ကြသည်။

·       မုံရွာ- အမြင့်လမ်း ကျေးရွာများ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့က ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းက ကျေးရွာတချို့ကို အဓမ္မပြောင်းရွှေ့ဖို့ စီစဉ်နေသည်ဟု စာတစောင် ထွက်ပေါ်လာနေသည်။

·       အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ကျဆုံးရေး၊ NUG အစိုးရနှင့် သံအမတ် ဦးကျော်မိုးထွန်းအား အသိအမှတ်ပြုထောက်ခံရေးအတွက် လက်ပံတောင်းတောင်ဒေသ တောကျောင်းကျေးရွာအုပ်စုရှိ တော်လှန်ကျောင်းသားပြည်သူများသည် စက်တင်ဘာ ၁၄ ရက် နံနက်တွင် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

·       ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၁ ရက်တွင် မင်းရွာရဲစခန်းအား ဝင်ရောက် တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာလာစဉ် ခေါက်ကူရွာအနီးတွင် သတင်းအရ ပျူစောထီးအဖွဲ့ဝင်များ သိုလှောင်ထား သော သိန်း ၇၀ ကျော်တန်ဖိုးရှိ ဖောက်ခွဲရေးပစ္စည်းများ၊ မိုင်းများနှင့် ခေါက်ချိုးကျည်တောင့် ၁၀၀၀ ကျော်အား သိမ်းဆည်း ရမိခဲ့ကြောင်း YDF မှ သတင်းထုတ်ပြန်သည်။

·       အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြိုဆိုကြောင်းနှင့် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရှိ ကျေးရွာများမှ တော်လှန်ပြည်သူများ ယနေ့နံနက်တွင် ချီတက်ဆန္ဒပြကြသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် "ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူ့ရင်ခွင် ခိုလှုံကြ" ခေါင်းစဉ်ဖြင့် ကလေးမြို့ပြည်သူများ စစ်အာဏာရှင် ချေမှုန်းရေး သပိတ်မှောက် ယနေ့ နံနက်ပိုင်း သပိတ်မှောက်ကြသည်။

·       ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် အကြမ်းဖက်ဖက်ဆစ် စစ်တပ် အမြစ်ပြတ်ကျဆုံးရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် သံအမတ် ဦးကျော်မိုးထွန်းအား အသိအမှတ် ပြုထောက်ခံရေး စက်တင်ဘာလ ၁၄ ရက် နံနက်တွင် ချီတက်ဆန္ဒပြကြသည်။

·       မကွေးမြို့ ကြံ့ဖွတ်ရုံးရှေ့တွင် ယနေ့ နံနက် ၈ နာရီက ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

·       အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် သံအမတ် ဦးကျော်မိုးထွန်းအား ထောက်ခံကြိုဆိုကြောင်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ တော်လှန်ပြည်သူများ စက်တင်ဘာလ ၁၄ ရက် နံနက်တွင် ဆန္ဒပြကြသည်။

·       မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်လျောင်း (ရွာမ) ရွာတွင် စက်တင်ဘာ ၁၂ ရက်က အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ညီအစ်ကိုနှစ်ဦးသေဆုံးခဲ့ပြီး လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

·       ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့ ၅၄ တပ်အနီး ယမန်နေ့ ည ၇ နာရီခွဲမှ စတင်ကာ လက်နက်ကြီး လက်နက်ငယ်သံများ ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ သံချပ်ကာကားများ၊ စစ်ကားများ ထပ်မံရောက်ရှိလာကာ ရမ်းကား ပစ်ခတ်မှုများကြောင့် ပြည်သူ အနည်းဆုံး ၃ ဦး ဒဏ်ရာရကာ နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

·       ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဖက်ဆစ် စစ်တပ် လုံး၀ အုပ်ချုပ်ခွင့်မရရေးနှင့် စစ်အာဏာရှင်ဆန့်ကျင် ချေမှုန်းရေး လူငယ်များက ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဆန္ဒပြကြသည်။

·       ရွှေကူမြို့နယ်၊စီသောင်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦး‌ညွန့်အောင် ယနေ့ နေ့လည် ၁ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

·       စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဖရူဆိုမြို့နယ်အတွင်း ကဒါးလားကျေးရွာအနီးတစ်ဝိုက်၌ ကရင်နီ တပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း KNDF မှ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးသွားခဲ့ကြောင်း  KNDF-BO1 Dee Maw Soe Zone က သတင်းထုတ်ပြန်သည်။

·       မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြား စောင့်တပ် BGF မှ ၎င်းတို့၏ စခန်းပြုပြင်ရန် ကျေးရွာပြည်သူများအား သစ်နှင့် ဝါးများခုတ်ခိုင်းပြီး အဓမ္မခိုင်း စေခဲ့ကြောင်း KNU သူးလေသတင်းစဉ်တွင် ဖော်ပြသည်။

·       သျှမ်းတောင် မိုင်းရှူးမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့သည့် မြို့ပေါ်အထိ တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

·       သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု နမ့်အွန်ကျေးရွာအနီး ယန့(စက်တင်ဘာ ၁၄)ရက် မနက် ၈နာရီမှစတင်ကာ လက်ရှိအချိန်ထိ သျှမ်းတပ် (၂) တပ် တိုက်ပွဲပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၁၄ သုံးသပ်ချက်

·       စစ်ကောင်စီမှ အာဆီယံနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတိုင်းတက်ရောက်နေသည်ကို တွေ့ရသည်။ တပ်နယ်မြေတွင် ဖြစ်သည့် ဘဏ်ဓားပြမှုကိုလည်း PDF လုပ်သည်ဟု စွတ်စွဲပြောဆိုထားသည်။ ယခုကာလ မည်သူလုပ်လုပ် PDF လက်ချက်ဟု စစ်အုပ်စုက အမြဲထုတ်ပြန်သည်။ယင်းချက်ကို ကြည့်ခြင်းအားဖြင့် ယခင်က ပြည်မတွင် မည်သည့် ကိစ္စဖြစ်ဖြစ် KNU လုပ်သည်ဟု လွှဲချစွတ်စွဲတာနှင့် တူနေသည်။

·       တိုက်ပွဲပြင်းထန်နေသည့် ဒေသများတွင် အင်တာနက်များ ဖြတ်တောက်ထားပြန်သည်။ယင်းလုပ်ရပ်သည် စစ်အုပ်စုအနေဖြင့် လူ့အခွင့်အရေးကြီးကြီးမားမား ချိုးဖောက်မှုများ ပြုလုပ်ချိန်တွင် ယင်းနည်းလမ်းကို သုံးလေ့ရှိသည်။

·       မန္တလေး စစ်ကိုင်းတွင် ဆန္ဒပြမှုများ အရှိန်အဟုန်ပြင်းစွာရှိနေဆဲဖြစ်သည်။ စစ်ကိုင် ချင်း ကယား ကရင် ကချင် ဒေသများတွင် စစ်ပွဲများ ရှိနေပြီ ဆက်လက်ပြင်းထန်နိုင်သည်။ ရန်ကုန် မန္တလေး မကွေး ထားဝယ်တို့တွင် ပျောက်ကြားတော်လှန်ရေးနှင့်စစ်ကောင်စီ ဒေါက်တိုင်ရှင်းလင်းရေးများ ရှိနေပြီး အထက်ပိုင်းဒေသများတွင် တိုက်ပွဲများ ပြင်းထန်းလာလေ မြို့တွင်း ပျောက်ကြားတော်လှန်ရေး နှင့်စစ်ကောင်စီ ဒေါက်တိုင်ရှင်းလင်းရေးများ ခပ်စိတ်စိတ်ရှိလာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly