သံအမတ်ကြီးဦးကျော်မိုးထွန်း နှင့်အတူရပ်တည်ကြောင်း ထောင်ချီသည့် မြန်မာများ စုဝေးဆန္ဒထုတ်‌ဖော်

သံအမတ်ကြီးဦးကျော်မိုးထွန်း နှင့်အတူရပ်တည်ကြောင်း ထောင်ချီသည့် မြန်မာများ စုဝေးဆန္ဒထုတ်‌ဖော်

စက်တင်ဘာ ၁၃

အမေရိကန်နိုင်ငံ နယူး​ယောက်မြို့၌ ယနေ့ စက်တင်ဘာ ၁၃ ရက်က မြန်မာ့ဒီမိုကရေစီအရေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းနှင့်အတူ ရပ်တည်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီ အလိုမရှိကြောင်းကို ထောင်‌ချီသည့် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းသာလျှင် ဆက်လက်ပြီး အမြဲတန်းကိုယ်စားလှယ်အဖြစ် ရှိသင့်ကြောင်းကို UN နှင့် နိုင်ငံတကာမှ ခေါင်းဆောင်များ သိကြားလက်ခံလာအောင် ထောက်ခံပြီး NUG သာလျှင် မြန်မာပြည်၏ ဒီမိုကရေစီ ရွေးကောက်ပွဲရလဒ် တရားဝင်အစိုးရ ဖြစ်ကြောင်းကို

အမေရိကန် ပြည်နယ်ပေါင်း ၈ခုခန့်မှ မြန်မာပြည်ဖွား တိုင်းရင်းသားများ

စုဝေးတောင်းဆိုကြခြင်း ဖြစ်သည်။

United Nations (UN) မှ စက်တင်ဘာ ၁၄ ရက်တွင် (၇၆) ကြိမ်မြောက် UN အထွေထွေညီလာခံကို ကျင်းပမည် ဖြစ်သည်။

ထိုညီလာခံမှတဆင့် Credentials Committee ကိုဖွဲ့စည်းကာ မြန်မာနိုင်ငံမှ မည်သူ့ကို UN တွင် အမြဲတန်းကိုယ်စားလှယ်အဖြစ် ရှေ့ဆက်ပြီးခန့်အပ်မည်ကို ဆုံးဖြတ်မည်ဖြစ်သည်။

ဆန္ဒပြစုရပ်အဖြစ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်အရှေ့ Dag Hammarskjold Plaza ပန်းခြံတွင် စုစည်းကြပြီး Flatiron Public Plaza အထိ ချီတက် ဆန္ဒထုတ်ဖော်ကာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required