ပါကစ္စတန်စစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သို့ လျှိူ့ဝှက်စွာ လာရောက်ခဲ့

ပါကစ္စတန်စစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သို့ လျှိူ့ဝှက်စွာ လာရောက်ခဲ့

ပါကစ္စတန်စစ်တပ်၏ အဆင့်မြင့်စစ်ဘက်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ လျှို့ဝှက်သွားရောက်ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

တရုတ်၏ အရိပ်အမြွက်ပြသမှုကို ကြည့်ကာ ပါကစ္စတန်စစ်တပ်သည် မြန်မာနှင့် ဆက်ဆံရေး တည်ဆောက်ရန် ယခုကဲ့သို့ ချည်းကပ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းခရီးစဉ်အတွင်း ပါကစ္စတန်သည် လေယာဉ်ပြုပြင်ရေး၊ ထိန်းသိမ်းရေးနှင့် ရေတပ်လက်နက် ခဲယမ်းကဏ္ဍ များတွင် မြန်မာစစ်တပ်နှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သည်။

ပါကစ္စတန်တွင် တပ်ဆင်သည့် တရုတ်ထုတ် JF 17 ဂျက်တိုက်လေယာဉ်များကို မြန်မာ့လေတပ်က အသုံးပြု နေသည်။ TJF-17 ဂျက်တိုက်လေယာဉ်များကို ပါကစ္စတန်လေယာဉ်ပညာရပ်ဆိုင်ရာ စက်ရုံအလုပ်ရုံများဌာနနှင့် တရုတ်၏ ချန်ဒူလေယာဉ်ပညာရပ်ဆိုင်ရာကော်ပိုရေးရှင်းတို့မှ ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်သည်။

မြန်မာရဲတပ်ဖွဲ့အဆင့်မြင့်အရာရှိများသည် လက်ရှိတွင် ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တွင် မိုင်းရှင်းလင်းရေး နည်းစနစ်သင်တန်းများတက်ရောက်နေသည်ဟု သတင်းများက ဆိုသည်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာပြဿနာမှမှစ၍ ပါကစ္စတန်နှင့် မြန်မာအကြားဆက်ဆံရေး တင်းမာခဲ့သည်။

တရုတ်က နိုင်ငံများစွာတွင် ယင်း၏ သြဇာကို တည်ဆောက်ရန် စဉ်ဆက်မပြတ် အရှိန်မြင့်ကြိုးပမ်းနေချိန်တွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များဆုတ်ခွာပြီးနောက် ပါကစ္စတန် စစ်တပ်ကိုယ်စားလှယ်အဖွဲ့၏ မြန်မာပြည် ခရီးစဉ်သည် အလွန်အရေးကြီးသည်မှာ ထင်ရှားလှသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly