ရွှေဘိုမြို့ စစ်ကောင်စီ သတင်းပေး သေနတ် ၇ ချက်ပစ်ခတ်ခံရ

By ယမုံ
11 September 2021
ရွှေဘိုမြို့ စစ်ကောင်စီ သတင်းပေး သေနတ် ၇ ချက်ပစ်ခတ်ခံရ

စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီသတင်းပေးဆိုသူ ဦးငွေချိုအား ပစ္စတို‌သေနတ်ဖြင့် ခုနှစ်ချက် ပစ်ခတ်ခဲ့ကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (People Defence Force- Shwebo) က ယနေ့ စက်တင်ဘာ ၁၁ နံနက် ၆နာရီခန့်တွင် ထုတ်ပြန်ခဲ့သည်။

ပစ္စတိုဖြင့် ပစ်ခံရ၍ ဦးငွေချိုမှာ ဒဏ်ရာပြင်းထန်ပြီး မုံရွာဆေးရုံသို့ တင်ထားရကြောင်း သိရသည်။

"အပစ်ခံရပြီး သူ့ကို ဆိုင်ကယ်နဲ့ ဆေးရုံကို ခေါ်သွားတယ်။ အပေါ်တစ်ချက်၊ ရင်တစ်ချက်၊ ဗိုက်တစ်ချက် ထိသွားတယ်လို့ ကနဦးသိရတယ်" ဟု ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

၎င်းသည် ရွှေဘိုမြို့နယ် အမှတ်( ၅ )ရန်မျိုးအောင် ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ဒလန်အကြီးစားဦးငွေချိုဟု လူသိများသူတစ်ဦးဖြစ်သည်။

ရွှေဘိုလူထုကို မတရားနှိပ်စက်နေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို အမြန်ဆုံးနုတ်ထွက်ပြီး လက်နက်ချကြရန် ရွှေဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

ယင်းအပြင် စစ်အာဏာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly