ဂန့်ဂေါမြို့နယ်က နမ်းခါးရွာကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးတင်ရှို့သွား

11 September 2021
ဂန့်ဂေါမြို့နယ်က နမ်းခါးရွာကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးတင်ရှို့သွား

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နမ်းခါးကျေးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်များက ယနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာပြီး နှမ်းခါးကျေးရွာအတွင်းရှိနေအိမ်များကို မွှေနှောက်ဖျက်စီးကာ ရွာလုံးကျွတ် မီးတင်ရှို့သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် နမ်းခါးကျေးရွာအတွင်းကို စစ်တပ်က ဝင်ရောက်လာသည့်အတွက် ဒေသခံ ကျေးရွာသားများ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြချိန် ထိုသို့မီးရှို့ခံလိုက်ရခြင်းဖြစ်သည်။

ဒေသခံများ ရိုက်ကူးထားသည့် မှတ်တမ်းဗွီဒီယိုဖိုင်များတွင် လူနေအိမ်အများအပြား မီးရှို့ခံထားရသည်ကို တွေ့မြင်နေရပြီး မီးလောင်သွားသည့် နေအိမ်အရေအတွက်ကိုမူ မသိရသေးပေ။

ဂန့်ဂေါမြို့နယ် နမ်းခါးကျေးရွာသည် စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲနေသည့် ကျေးရွာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်စီးနင်းမှုကို ခံခဲ့ကြရသည်။

video- CJ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly