အင်ဒိုနီးရှား-သြစတြေးလျဝန်ကြီးများဆွေးနွေးပွဲ မြန်မာ့အရေးပါဝင်

11 September 2021
အင်ဒိုနီးရှား-သြစတြေးလျဝန်ကြီးများဆွေးနွေးပွဲ မြန်မာ့အရေးပါဝင်

အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာကိစ္စရပ်တွေ ဆွေးနွေးကြတဲ့ သြစတြေးလျနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာနဲ့ အာဖဂန်နစ္စတန် အရေးကိစ္စတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  

“မြန်မာ့အရေးလည်း ဆွေးနွေးခဲ့ကြပါတယ်။ အင်ဒိုနီးရှားနဲ့ သြစတြေးလျနိုင်ငံတို့ဟာ မြန်မာပြည်သူတွေအတွက် လူသားစာနာမှုအကူအညီထောက်ပံ့ဖို့သန္ဒိဌာန်ချထားပါတယ်။ စာနာမှုအကူအညီပထမတသုတ် ပေးပို့ဖို့ အဆင့်ရောက်နေပြီလို့ အာဆီယံက ပြောပါတယ်။ စာနာမှုအကူအညီတွေ ဘေးကင်းလုံခြုံစွာ အောင်အောင်မြင်မြင် ပေးပို့နိုင်ဖို့ အရေးကြီးပါတယ်။ ”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly