ဆူဖီ မွတ်စလင်သူတော်စင် ကွယ်လွန်သည့် နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ကို ဂျမူး-ကက်ရှ်မီးယားဒေသရှိ အာနန်တီနက်ဒေသတွင် ကျင်းပ

ဆူဖီ မွတ်စလင်သူတော်စင် ကွယ်လွန်သည့် နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ကို ဂျမူး-ကက်ရှ်မီးယားဒေသရှိ အာနန်တီနက်ဒေသတွင် ကျင်းပ

အိနိ္ဒယနို်ငငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ အာနန်တီနက်ခရိုင်နှင့် အနီးဝန်းကျင်ဒေသများတွင် ဆူဖီမွတ်စလင်သူတော်စင် ဟာဇရတ်ဇွန် ရှာဟာ ကွယ်လွန်သည့် နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ပွဲများကို ကိုးကွယ်ယုံကြည်သူများစွာတို့က ကိုဗစ်-၁၉ စည်းကမ်းများဖြင့် စက်တင်ဘာ ၄ ရက်တွင် ကျင်းပခဲ့ကြသည်။

အာနန်တီနက်ခရိုင်၊ အူမရန်စိုကျေးရွာရှိ ဆူဖီသူတော်စင် ဟာဇရတ်ဇွန် ရှာဟာ၏ ဂူဗိမာန်တွင် အထိမ်းအမှတ်ပွဲများကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ဆူဖီသူတော်စင် ဟာဇရတ်ဇွန် ရှာဟာသည် ထင်ရှားသည့် ဆူဖီသူတော်စင်တစ်ဦးဖြစ်သူ ဘာဘာဟိုက်ဒါရက်ရှီ၏ မိတ်ဆွေတစ်ဦးဖြစ်ကြောင်း အစ္စလာမ်ပညာရှင်များက သတ်မှတ်ထားသည်။

ယုံကြည်ကိုးကွယ်သူများက ဂူဗိမာန်သို့ လာရောက်ကာ အထူးဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်ခဲ့ကြသည်။ အမျိုးသမီးများ၊ အမျိုးသားများ၊ ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများသည်လည်း အဆိုပါ ဂူဗိမာန်တွင် လာရောက် ရှိခို ဆုတောင်းခဲ့ကြသည်။

ဂူဗိမာန်အား စောင့်ရှောက်သူတစ်ဦးဖြစ်သည့် မော်လဝီ မိုဟာမက်အဗ္ဗဒူလာက “ဆူဖီသူတော်စင် ကွယ်လွန်တဲ့ နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို ကျင်းပနေတာပါ။ အနီးဝန်းကျင်ကျေးရွာက လူတွေ လာရောက်ကြပါတယ်။ ညဖက် ဝတ်ပြုပွဲမှာ အများအပြား ပါဝင်ခဲ့ကြတယ်။ ဆူဖီသူတော်စင် ဟာဇရတ်ဇွန် ရှာဟာက လူ့အဖွဲ့အစည်းအားလုံးအကြားမှာ ငြိမ်းချမ်းရေးနဲ့ ညီရင်းအစ်ကို ချစ်ကြည်ရေးကို ဟောပြောလေ့ရှိပါတယ်” ဟု ပြောကြားသည်။

“ဒီအခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ သူရှင်သန်နေဆဲဖြစ်ပြီး အားလုံးကို မကောင်းဆိုးဝါးတွေရဲ့ ဘေးရန်ကနေ ကာကွယ်ပေးနေတုန်းဆိုတာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ ပြီးခဲ့တဲ နှစ်တုန်းကတော့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ တားမြစ်ချက်တွေကြောင့် ပွဲတော်ကို မကျင်းပနိုင်ခဲ့ပါဘူး” ဟု ကိုးကွယ်ယုံကြည်သူတစ်ဦးဖြစ်သူ ရာယက်စ်အာမက်ခန်းက ပွဲတော်တွင် ပြောကြားသည်။

“အဝေးကနေ လာတဲ့လူတွေလည်း ရှိပြီး ဂူဗိမာန်မှာ ဆုတောင်းကြတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို ကျွန်တော်တို့ ပတ်ဝန်းကျင်ကနေ ဖယ်ရှားပေးဖို့ အလ္လာအရှင်မြတ်ထံမှာ ဆုတောင်းပါတယ်”ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly