စစ်ရေးအရှိန်မြင့်လာခြင်းကို မစိုးရိမ်ကြရန်နှင့် ပြည်သူများနေဖြင့် လုံခြုံရေးဂရုစိုက်ကြရန် KSCC အသိပေး

စစ်ရေးအရှိန်မြင့်လာခြင်းကို မစိုးရိမ်ကြရန်နှင့် ပြည်သူများနေဖြင့် လုံခြုံရေးဂရုစိုက်ကြရန် KSCC အသိပေး

စက်တင်ဘာ ၉

ကရင်နီပြည်နယ်တွင်း စစ်ရေးအရှိန်မြင့်တက်လာပြီး တိုက်ပွဲများစိပ်လာ‌ နေခြင်းကြောင့် ပြည်သူများအနေနှင့် မစိုးရိမ်ကြဘဲ မိမိတို့၏လုံခြုံရေးကိုသာအထူးဂရုပြုကြရန် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က အသိပေးလိုက်သည်။

ကရင်နီတပ်မတော်၊ KNDF နှင့် PDF များ၏ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို စနစ်တကျလိုက်နာကြရန် ၊မလိုအပ်ဘဲ အပြင်မထွက်ရန်လည်း KSCCက သတိပေးထားသည်။

‌မြေပြင်တွင် သတင်းပေးဒလန်များရှိလျှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အမြန်အကြောင်းကြားရန်နှင့် စစ်ရှောင်စခန်းများသို့ ခေါ်ဆောင်သွားခြင်းမလုပ်ရန်လည်း KSCCကပြောသည်။

ကရင်နီပြည်နယ်တွင် မေလနှောင်းပိုင်းမှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်များကို KA၊ KNDF နှင့် PDFs များ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့သည်မှာ ယခုဆိုလျှင် ၃ လကျော်ကာလအတွင်းသို့ ရောက်နေပြီလည်း ဖြစ်သည်။

NUG ၏ကြေညာချက်ထုတ်ခဲ့သည့် စက်တင်ဘာ ၇ ရက်နောက်ပိုင်းတွင် ကရင်နီပြည်နယ်အပါအဝင် နေရာအများစုတွင် နှစ်ဘက်စစ်ပွဲများတိုးလာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly