တရုတ်စစ်တပ်က အသေခံတိုက်ခိုက်ရေး ဒရုန်းများ ဝယ်ယူရန်ကြိုးပမ်းနေ

တရုတ်စစ်တပ်က အသေခံတိုက်ခိုက်ရေး ဒရုန်းများ ဝယ်ယူရန်ကြိုးပမ်းနေ

တရုတ်စစ်တပ်က ပစ်မှတ်ရှာဖွေတိုက်ခိုက်သည့်ဒရုန်းများနှင့် မောင်းသူမဲ့လေယာဉ်ကဲ့သို့သော အသေခံတိုက်ခိုက်ရေး ဒရုန်းများ ဝယ်ယူရန်ကြိုးပမ်းနေရာတွင် အထူးသဖြင့် သေးငယ်ပြီး ခြေရာခံပစ်ချရန်ခက်ခဲသော ဒရုန်းများလည်း ပါဝင်သည်။

အမေရိကန်နှင့် ဖြစ်နိုင်ခြေရှိသည့် အခြား ရန်သူများကို တရုတ်က တိုက်ခိုက်ရာတွင် ယင်းလက်နက်များသည် တိုက်ပွဲတွင် တွေ့ကြုံရနိုင်သော အဆင့်မြင့်လက်နက်တစ်ခုဖြစ်ကြောင်း The National Interest တွင် မိုက်ကယ်ပတ်ခ်က ရေးသားခဲ့သည်။

တရုတ်စစ်တပ် ဝယ်ယူရေးဝက်ဘ်ဆိုက်၏ ကြေညာချက်တွင် တရုတ်က အသေခံတိုက်ခိုက်ရေး ဒရုန်း အမျိုးအစား ၂မျိုးကိုအလိုရှိနေပြီး လိုချင်သောနည်းပညာဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များ (သို့မဟုတ်) ဝယ်ယူမည့် အရေအတွက်ကို ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် တရုတ် ဒရုန်းထုတ်လုပ်သူများသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်သောထုတ်ကုန်များရှိနေသည်။

၂၀၁၈ ခုနှစ်တွင် China Aerospace က ထုတ်ပြခဲ့သည့် CH-901 သည် ၄ ပေ ရှည်ကာ အလေးချိန် ပေါင် ၂၀ ရှိပြီး တစ်နာရီ ကီလိုမီတာ ၁၅၀ (၉၃ မိုင်)၊ ၁၅ ကီလိုမီတာ (၉ မိုင်) အကွာအဝေးသွားနိုင်ကာ ဘတ်ထရီ ၂ နာရီခံကြောင်း တရုတ်မီဒီယာများက ဖော်ပြသခဲ့သည်။

ပိုကြီးသော WS-43 သည် ပေါင် ၅၀ဝ ရှိသောလက်နက်ဖြစ်ပြီး ကီလိုမီတာ ၆၀ (၃၇ မိုင်) အကွာအဝေးသွားနိုင်ပြီး ဘတ်ထရီ မိနစ် ၃၀ ခံသည်။

အမြင်ပေါ်မူတည်၍ အသုံးချနိုင်သည့် တိုက်ခိုက်ရေးဒရုန်းများ (သို့မဟုတ်) ပျံနေသောအမြောက်ကျည်များသည် အသေခံဒရုန်းများဖြစ်ပြီး ၂၁ ရာစုစစ်မြေပြင်သို့ ရောက်ရှိလာသည့် လူသတ် လက်နက်အသစ်များဖြစ်ကြောင်း မိုက်ကယ်ပတ်ခ်က ပြောကြားခဲ့သည်။

စစ်ဘက်ဆိုင်ရာဖောက်သည်များက အသေခံဒရုန်းဟု ခေါ်ရန် ဝန်လေးသည့် “ပစ်မှတ်ရှာဖွေ တိုက်ခိုက်သည့် ဒရုန်း” လက်နက်များကို လေထဲတွင် ထား၍မရသော အမြောက်ကျည်များနေရာတွင် အစားထိုး အသုံးပြုနိုင်ရန် ကြိုးပမ်းနေကြပြီး America's Reaper and Predator ကဲ့သို့သော တိုက်ခိုက်ရေးဒရုန်းများသည် ကြီးမားပြီး ဈေးကြီးသော မောင်းသူမဲ့လေယာဉ်များဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly