ဒီးမော့ဆိုမြို့နယ်တွင် စစ်ရှောင် ကလေးငယ် သေဆုံး

ဒီးမော့ဆိုမြို့နယ်တွင် စစ်ရှောင် ကလေးငယ် သေဆုံး

စက်တင်ဘာ ၈

စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှ လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ဒီးမော့ဆိုမြို့နယ်၊ ဒေါ်ပေါ်ကူးကျေးရွာမှ ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်းသိရသည်။

ယမန်နေ့(စက်တင်ဘာလ ၇ ရက်) ည ၇ နာရီအချိန်ခန့်တွင် လက်နက်ကြီးသံများကြောင့် ပြည်သူများထွက်ပြေးကြရာက ဒီမော့ဆိုမြို့နယ်၊ဒေါ်ပေါ်ကူးကျေးရွာ အဝင်လမ်းခွဲတွင် ကားနှင့်ဆိုင်ကယ်ချိတ်မိရာမှအသက် ၈ နှစ်ကလေးငယ်တစ်ဦးကွယ်လွန်ပြီး တစ်ဦးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

သေဆုံးသူကလေးငယ်မှာ ဒေါ်ငံခါး (၂)ရပ်ကွက်မှ ဦးစားကမို၏သမီး မဂျာဇင်းတာ ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမှ ထုတ်ပြန်ထားသည်။

“ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျန်ရစ်သောမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိရပါသည်” ဟုကလေးငယ်အတွက်စိတ်မကောင်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly