ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် PRA တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ထုတ်သွားမည်

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် PRA တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ထုတ်သွားမည်

စက်တင်ဘာ ၇

မကွေးမြို့အခြေစိုက် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လူထုတော်လှန်ရေးအင်အားစု (PRA) တို့ ပူးပေါင်းပြီး စစ်ကောင်စီ တိုက်ခိုက်တော်လှန်သွားမည်ဟု D- Day ကြေညာသည့် စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံးအဆင့် ပြည်သူ့တော်လှန်ရေး ကြေညာချက်အပေါ် ကြိုဆိုထောက်ခံကြောင်းနှင့် အမျိုးသားညီညွတ် ရေးအစိုးရ၏ ဦးဆောင်မှုဖြင့် ဒေသတွင်းပြည်သူ့တော်လှန်ရေး လှုပ်ရှားမှုများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည့် မကွေးတိုင်းရှိ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်စေရန် ပစ်ပတ်ထား တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့ နံနက်အစောပိုင်းတွင် တောင်တွင်းကြီးမြို့ အမှတ် (၁၀၃) ခြေမြန်တပ်ရင်းအပါအဝင် နေရာငါးခုကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

လူထုတော်လှန်ရေးအင်အားစု (PRA) ကလည်း မကွေးလေတပ်စခန်းကို ၁၀၇ မမ ဒုံး လေးလုံးဖြင့် ပစ်ခတ်ခြင်းအပါအဝင် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားထိခိုက်စေမည့် အခြားလုပ်ကြံဖောက်ခွဲရေး လှုပ်ရှားမှုများကို လျှို့ဝှက်လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly