ပြည်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကျပ် စစ်ဆေးနေ

08 September 2021
ပြည်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကျပ် စစ်ဆေးနေ

စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ရပ်ကွက်အချို့၏ ကားလမ်းမများပေါ် နှင့် လမ်းဆုံလမ်းဂွ များတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂နာရီဝန်းကျင်က စတင်ပြီး ဆိုင်ကယ်၊ ကားများသာမက လက်ကိုင်ဖုန်းများကိုပါ တင်းကျပ်စွာ စစ်ဆေး‌ နေကြောင်းဒေသခံများက ပြောသည်။

“လမ်းဆုံလမ်းဂွ တွေနဲ့ ဗိုလ်ချုပ်လမ်းမ ၊ ပြည်ရတနာလမ်းထိပ် နေရာအစုံ တော်တော်များများမှာစစ်နေကြတယ်။ ဆိုင်ကယ် tool box တွေပါစစ်နေကြတယ်။ တချို့နေရာတွေက အရပ်ဝတ်တွေလည်းပါကြတယ် “ ဟု ဒေသခံတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၆ ရက်မွန်းလွဲ၂နာရီဝန်းကျင်က မူယာပင် ပန်းခြံ အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သားနှင့် ရဲငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် တချို့မှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly