ချင်းပြည်နယ်တွင် ပထမဆုံးကျည်ဆန်ဖြင့်သတိပေးခံရသည့် မြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာ

ချင်းပြည်နယ်တွင် ပထမဆုံးကျည်ဆန်ဖြင့်သတိပေးခံရသည့် မြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာ

ချင်းပြည်နယ်၊ ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ခရိုင်ဘဏ်မန်နေဂျာ ဦးထွန်းမြအေးကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ကျည်ဆန်နှင့် သတိပေးစာတစ်စောင်ကို စက်တင်ဘာ ၆ ရက် နေ့စွဲဖြင့် ပေးပို့လိုက်သည်ဟုသိရသည်။ 

"CNDF မှ ပေးပို့လိုက်သည့် စာနှင့်ကျည်ကို လူကြီးမင်းကိုယ်တိုင် ကောင်းမွန်စွာ လက်ခံရရှိလိမ့်မည်ဟု မျှော်လင့်ပါတယ်" ဟုလည်း ယင်းစာတွင် ရေးသားဖော်ပြထားသည်။ 

အဆိုပါ သတိပေးချက်ထဲတွင် "ဖလမ်းမြို့နေပြည်သူများ ငွေကြေးထုတ်ယူရာတွင် ရာခိုင်နှုန်းအဆမတန် တောင်းယူမှုများ ပြုလုပ်နေသည်ကိုကြားသိရပါသည်။ ယခုကဲ့သို့ အများပြည်သူအခက်အခဲ အကျပ်အတည်းများစွာ ကြုံတွေ့နေချိန်တွင် မတရားလောဘဖြင့် ပြည်သူများအပေါ်ခေါင်းပုံဖြတ် အမြတ်ထုတ်ယူနေမှုအား ရပ်တန်းမှရပ်ရန် ကျွန်ုပ်တို့CNDFမှပြင်းထန်စွာသတိပေးသည်" ဟုပါရှိသည်။

သည့်အပြင် ပြည်သူများအပေါ် ခေါင်းပုံဖြတ်မှုအား မရပ်ဘဲ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက လူကြီးမင်း၏ အသက်အန္တရာယ်အား အာမခံမည်မဟုတ်ကြောင်း ထပ်လောင်းသတိပေးလိုက်သည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF)ပေးပို့သည့် သတိပေးစာထဲတွင်ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly