စစ်ကောင်စီ၏ ထောက်ပံ့ငွေကို ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တချို့ ပြန်အပ်

စစ်ကောင်စီ၏ ထောက်ပံ့ငွေကို ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တချို့ ပြန်အပ်

စစ်ကောင်စီခန့် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ချင်းပြည်နယ်အတွင်းရှိ ဓမ္မအမှုတော်ဆောင်တစ်ဦးလျှင် ငွေကျပ် ၁၈,၀၀၀ နှုန်းဖြင့် ထောက်ပံ့‌မှု အပေါ် ဝေဖန်မှုအရှိန်မြင့်တက်လျက်ရှိပြီး ယနေ့ညနေပိုင်းတွင် မြို့နယ်တချို့မှ ဓမ္မအမှုတော်ဆောင်များက ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ကြသည်ဟု သိရသည်။

ချင်းပြည်နယ် ၉ မြို့နယ်အတွင်းရှိ သာသနာ့ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဘုန်းတော်ကြီးများ၊သီလရှင်များ၊ ပါစတာများ၊ တရားဟောဆရာများ အတွက် ဆွမ်း၊ကွမ်း၊ဝေယျာဝစ္စများပြည့်စုံစေရန် တစ်ပါးလျှင် ငွေကျပ်- ၁၈၀၀၀ နှုန်း ထောက်ပံ့ပေးခြင်းဖြစ်သည်။

"မနေ့က စစ်ကောင်စီတာ၀န်ရှိသူတွေက ထောက်ပံ့ငွေဆိုပြီး လာပေးသွားတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ လူကြီးတွေဘက်က ဆွေးနွေးတာတွေလည်း မရှိသေးဘူးဆိုတော့ ဒီညနေမှာ ထောက်ပံ့ငွေကို ပြန်အပ်ခဲ့ပါတယ်" ဟုအမှုတော်ဆောင် တစ်ဦးကပြောသည်။

အဆိုပါ ထောက်ပံ့ငွေများကို ဟားခါးမြို့ ခရစ်ယာန်အမှုအတော်ဆောင်များနှင့် ဖလမ်းမြို့ ခရစ်ယာန်အမှုတော်ဆောင်များမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ငွေကို ပြန်အပ်ခဲ့ကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required