စီးပွားဖြစ် ဖျော်ဖြေရေး လုပ်ငန်းများကို ဖိနှိပ်မှုအသစ်အဖြစ် ရုပ်သံတွင် အမျိုးသားများက အမျိုးသမီးကဲ့သို့ သရုပ်ဆောင်ခြင်းကို တရုတ်အစိုးရ တားမြစ်

စီးပွားဖြစ် ဖျော်ဖြေရေး လုပ်ငန်းများကို ဖိနှိပ်မှုအသစ်အဖြစ် ရုပ်သံတွင် အမျိုးသားများက အမျိုးသမီးကဲ့သို့ သရုပ်ဆောင်ခြင်းကို တရုတ်အစိုးရ တားမြစ်

တရုတ်အစိုးရက ရုပ်သံအစီအစဉ်အစဉ်များတွင် အမျိုးသားများက အမျိုးသမီးများကဲ့သို့ သရုပ်ဆောင်ခြင်းကို တားမြစ်ထားပြီး ယဉ်ကျေးမှု တိုးတက်ပြောင်းလဲမှု မြှင့်တင်ရန်၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်စွာ လုပ်ဆောင်ရန်နှင့် တရားဝင်သတ်မှတ်ထားသည့် ကိုယ်ကျင့်တရားတို့ အားကောင်းလာစေရန် ရုပ်သံ လုပ်ငန်းရှင်များကို ဩဂုတ် ၂ ရက်က သတိပေးထုတ်ပြန်လိုက်သည်။

ကွန်မြူနစ်ပါတီက စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေးတို့အပေါ် ထိန်းချုပ်ခြင်းဖြင့် နို်ငငံတော်အား နုနယ်ပျိုမြစ်အောင် လုပ်ဆောင်ရန် သမ္မတရှီကျင့်ဖျင်က တောင်းဆိုလိုက်သည်။

ပိုမိုအင်အားကြီးသော တရုတ်နိုင်ငံနှင့် ကျန်းမာသန်စွမ်းသော လူမှုအသိုင်းအဝိုင်းဖြစ်စေရေးအတွက် ယခု နည်းလမ်းနှင့် ကိုက်ညီအောင် လုပ်ဆောင်ရန် ကုမ္ပဏီများနှင့် အများပြည်သူများအတွက် ဖိအားများကို ထပ်မံ ရင်ဆိုင်လာရသည်။ ကလေးငယ်များ အွန်လိုင်း ဂိမ်းကစားခြင်းကို လျှော့ချလိုက်သလို ထင်ရှားကျော်ကြားသူ များအား အကျိုးမရှိစေသည့် စိတ်ဝင်စားမှုများကို ဟန့်တားရန် ကြိုးပမ်းလျှက်ရှိသည်။

အမျိုးသမီးဆန်ဆန် ပြောဆိုသည့် အမျိုးသားများနှင့် ပုံမှန်မဟုတ်သော အခြား အနုအရွအလှအပများကို လုံးဝဆက်လက် မတင်ဆက်ရန်လည်း ရုပ်သံလုပ်ငန်းများကို တားမြစ်ထားရာတွင် မိန်းမဆန်သည့် ယောကျ်ားများအတွက် စော်ကားသည့် စကားလုံး ဖြစ်သော niang pao (သေနတ်တပ်ထားသည့် ဝတ်လစ်စလစ်မိန်းမများ) ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည်။

သိမ်မွေ့ပျော့ပျောင်းပြီး မိန်းကလေးပုံစံပေါက်နေသည့် တောင်ကိုရီးယားနှင့် ဂျပန်အဆိုတော်များ၊ သရုပ်ဆောင်များ၏ လွှမ်းမိုးမှုကို ခံရသည့် တရုတ်ပေါ့ပ် နာမည်ကျော်များက တရုတ်လူငယ်များကို ကျားကျားလျားလျားဖြစ်အောင် တိုက်တွန်းမှု မလုပ်နိုင်ခြင်းအပေါ် အစိုးရက စိုးရိမ်ပူပန်ကာ ယခုကဲ့သို့ တားမြစ်ချက်များကို ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

အင်တာနက်ပေါ်မှ ပေါ့ပျက်ပျက် နာမည်ကြီးများ၊ ကြွယ်ဝချမ်းသာမှုကို အားပေးအားမြှောက်ပြုခြင်းတို့ကို ရှောင်ရှားရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ညွှန်ကြားထားသည်။ အဆိုပါ အစီအစဉ်များအစား ကောင်းမွန်သည့် တရုတ်ရိုးရာ ယဉ်ကျေးမှုများ၊ တိုးတက်ပြောင်းလဲလာသည့် ယဉ်ကျေးမှုနှင့် ခေတ်မီသော ဆိုရှယ်လစ် ယဉ်ကျေးမှုများကို ကြိုးစား မြှင့်တင်ပေးရန်လည်း တိုက်တွန်းထားသည်။

ရှီကျင့်ဖျင်၏ အစိုးရသည် တရုတ်အင်တာနက်လုပ်ငန်းများကိုလည်း ထိန်းချုပ်ထားသည်။ လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး၊ အချက်အလက်လုံခြုံရေး၊ ဂိမ်းနှင့် လူမှုမီဒီယာကုမ္ပဏီ Tencent Holding၊ အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်းကြီး Alibaba လုပ်ငန်းစုတို့ကဲ့သို့ လုပ်ငန်းများသည် ကြီးမားလွန်းပြီး လွတ်လပ်နေသည်ဟု အာဏာရပါတီက သတ်မှတ်ထားခြင်းကြောင့် ၎င်းတို့အပေါ် တင်းကျပ်သည့် စည်းကမ်းများ သတ်မှတ်ထားသည်။

စက်တင်ဘာ ၁ ရက်တွင် အာဏာစတင်သက်ရောက်သည့် စည်းမျဉ်းများတွင် အသက် ၁၈ နှစ်အောက်များသည် တစ်ပတ်လျှင် ၃ နာရီသာ အွန်လိုင်းဂိမ်းကစားခွင့်ပြုထားသလို ကျောင်းတက်ရက်များတွင် ဂိမ်းကစားခြင်းကို တားမြစ်ထားသည်။

ဂိမ်းဖန်တီးသူများက ခေါင်းစဉ်သစ်များကို မဖြန့်မီ အစိုးရ၏ အတည်ပြုချက်ကိုလည်း ရယူရမည်ဖြစ်သည်။ ဂိမ်းများတွင် အမျိုးသားရေးအနှစ်သာရများ ထည့်သွင်းရန်လည်း တာဝန်ရှိသူများက တောင်းဆိုထားသည်။ ပါတီက ထင်ရှားကျော်ကြားသည့် အနုပညာရှင်များကိုလည်း ထိန်းချုပ်ထားသည်။

ရုပ်သံဌာနများအနေဖြင့် ဥပဒေချိုးဖောက်သော၊ ကိုယ်ကျင့်တရားပျက်ယွင်းနေသာ သရုပ်ဆောင်များနှင့် အလုပ်လုပ်ကိုင်ခြင်း မပြုလုပ်ရန်နှင့် ထင်ရှားသော အနုပညာရှင်များ၏ ကလေးငယ်များ၏ အစီအစဉ် ထုတ်လုပ် ခြင်းကိုလည်း စည်းကမ်းကြပ်မတ်ရေးအဖွဲ့က တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly