နာနိုနည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဆရီနဂါမြိုတွင် ကျင်းပမည်

By India Blooms News Service
03 September 2021
နာနိုနည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဆရီနဂါမြိုတွင် ကျင်းပမည်

‘ပိုမိုကောင်းမွန်သည့် လူနေမှုဘဝအတွက် နာနိုနည်းပညာဆိုင်ရာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲ (NBL-21)’ကို အိနိ္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ဆရီနဂါမြို့တွင် ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော် နည်းပညာဌာနတွင် ကျင်းပခဲ့သည့် နှစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သော အဆိုပါအခမ်းအနားသို့ ပါဝင်တက်ရောက်သူ ၃၀၀ ခန့် ရှိမည်ဖြစ်သည်။

တွေ့ဆုံနှီးနှောဖလှယ်ပွဲကို Materials Research Society of India (MRSI) က Anna University၊ SKUAST-K၊ NIT Mizoram၊ SSM College of Engineering၊ IIT Madras၊ SKIMS၊ M G University Kerela တို့နှင့် ပူးပေါင်းကာ Nanoscale Research Facility (NRF)၊ IIT Delhi တို့နှင့်အတူ စက်တင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ သိပ္ပံဆိုင်ရာ အခမ်းအနားတွင် နာနိုနည်းပညာနှင့် ပတ်သက်၍ အသစ်တွေ့ရှိထားသည့် သုတေသနလုပ်ဆောင်ချက်များကို ဆွေးနွေးကြမည်ဟု ဆရီနဂါနိုင်ငံတော် နည်းပညာဌာနမှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ ဒေါက်တာ ရာကက်ရှ်ဆေဂယ်က ပြောကြားသည်။

“ပညာရှင်များနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအကြား တွေ့ဆုံကြမှာဖြစ်ပါတယ်။ ကပ်ရောဂါ အဆိုးရွားဆုံး ကာလမှာ ကျင်းပရတာဖြစ်လို့ ကူးစက်မှု မဖြစ်ပွားအောင် ဂရုတစိုက် လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

နိုင်ငံတော် နည်းပညာဌာန၏ မော်ကွန်းထိန်းအရာရှိ ပရော်ဖက်ဆာ ကေဆာဘူခါရီက နိုင်ငံတကာ နှီးနှောဖလှယ်ပွဲသည် ၎င်းတို့ဌာနမှ လူငယ်သုတေသနပညာရှင်များနှင့် အခြားနိုင်ငံများမှ ပါဝင်မည့်သူများ အတွက် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

ပါဝင်တက်ရောက်မည့်သူ ၃၀၀ တွင် ၁၅၀ သည် အွန်လိုင်းမှလည်းကောင်း၊ နောက်ထပ် ၁၅၀ သည် ကိုယ်တိုင်လည်းကောင်း တက်ရောက်ကြမည်ဖြစ်သည်။

သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများသည် နာနိုနည်းပညာ၏ အားသာချက်များကို ထိရောက်စွာ အသုံးချ၍ ပစ္စည်းထုတ်လုပ်မည့် နည်းလမ်းများကို ရှာဖွေလျှက်ရှိကြောင်း အခမ်းအနားကို စီစဉ်ကျင်းပသော NBL Series အား ပူးတွဲတည်ထောင်သူက ပြောသည်။

“ပိုမိုအားကောင်းသော၊ အလင်းရောင်စဉ်များကို ပိုမိုထိန်းချုပ်နိုင်သော၊ ဓာတု ဓာတ်ပြုမှု ပိုမိုအားကောင်းသော လုပ်ဆောင်မှုတွေအတွက် အစီအစဉ်တွေပါဝင်ပါတယ်။ NBL- 2021 အခမ်းအနားမှာ ဇီဝ၊ ဓာတု၊ ရူပ၊ သဘာဝ၊ စိုက်ပျိုးရေး၊ အင်ဂျင်နီယာ သိပ္ပံပညာတွေကို အရည်အသွေးရှိရှိ ပေါင်းစပ်ဆွေးနွေးမှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly