တရုတ်၏ ဝံပုလွေစစ်သူကြီး နည်းဗျူဟာ ဆက်ဆံရေးသည် အဟန့်အတားအနှောက်အယှက်မရှိကြောင်း နယူးဝိခ် မဂ္ဂဇင်းတွင် ဖော်ပြ

တရုတ်၏ ဝံပုလွေစစ်သူကြီး နည်းဗျူဟာ ဆက်ဆံရေးသည် အဟန့်အတားအနှောက်အယှက်မရှိကြောင်း နယူးဝိခ် မဂ္ဂဇင်းတွင် ဖော်ပြ

နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ပုတ်ခတ်မှုများ ရှိနေသော်လည်း တရုတ်နို်ငငံ၏ မည်သည့်အရာကိုမှ ဂရုမစိုက်တတ်သော ကာကွယ်သူများက ၎င်းတို့၏ ရဲတင်းလွန်းသော ဝံပုလွေစစ်သည် နည်းဗျူဟာ ဆက်ဆံရေးကို ဆက်လက် အသုံးပြုနေကြသည်။

တရုတ်သမ္မတရှီကျင့်ဖျင် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပွင့်လင်းမြင်သာစွာနှင့် ယုံကြည်မှုရှိစွာ သိုသိပ်နှိမ်ချကာ ဆောင်ရွက်ရန် ဇွန်လအတွင်းက ညွှန်ကြားချက်ရှိခဲ့သော်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရအရာရှိများအနေဖြင့် ဝံပုလွေစစ်သည် နည်းဗျူဟာဆက်ဆံရေးကို အပြည့်အဝ ပြန်လည်အသုံးချနေဆဲဖြစ်ကြောင်း အပတ်စဉ် အမေရိကန် Newsweek မဂ္ဂဇင်းတွင် ကျန်လီယန်က ရေးသားခဲ့သည်။

ရှီကျင့်ဖျင်၏ ယခုကဲ့သို့ ညွှန်ကြားချက်သည် ယုံကြည်၊ နှစ်လိုဖွယ်ရှိပြီး လေးစားခံထိုက်သည့် တရုတ်နိုင်ငံအဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် ဖြစ်သည်။ “ရှီကျင်ဖျင်က ကျာအိုကဲ့သို့ မြေခွေစစ်သည်များအပေါ် ဩဇာမသက်ရောက်၍ မဟုတ်ပေ။ အဆိုပါဝံပုလွေစစ်သည်များက ရှီ၏ မှန်ကန်သည့် မူဝါဒနှင့် အံဝင်ဂွင်ကျ ကိုက်ညီလျှက်ရှိကြောင်း ယန်က ရေးသားထားသည်။

အသစ်တွေ့မြင်လာရသည့် အမျိုးသားရေးယုံကြည်မှုနှင့် တရုတ်သံတမန်များ၏ တာဝန်ကျေပြွန်အောင် ထမ်းဆောင်နိုင်ခြင်းသည် ရှီကျင့်ဖျင်၏ သံတမန်ဆိုင်ရာ အယူအဆဖြင့် အခြေခံလုပ်ဆောင်ခြင်းဖြစ်သည်။ ဤအတွေးအခေါ်သည် ပထမမျိုးဆက် တရုတ်ကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင်များ၏ သွန်သင်ဆုံးမမှု ဩဝါဒ ကိုယူ၍ ကျင့်သုံးခြင်း ဖြစ်သည်။

ပြုပြင်ပြောင်းလဲရေးအတွက် ဝါရင့် တော်လှန်ရေးလုပ်နေသူတစ်ဦးဖြစ်သော ကျူအင်လိုင်းသည် ယနေ့ ဝံပုလွေစစ်သည်တို့၏ ဘိုးဘေးတစ်ဦးဖြစ်ကြောင်း နယူးဝိခ် မဂ္ဂဇင်းဆောင်းပါးတွင် ရေးသားထားသည်။ ထို့ပြင် ‘အရပ်သားဝတ်စုံဖြင့် ပြည်သူ့လွတ်မြောက်ရေးတပ်’ ဟု အဆိုပါတပ်အတွက် သံတမန်ရေးရာ အယူအဆကို ကျူအင်လိုင်းသည် လိုက်နာစေခဲ့ကြောင်း နိုင်ငံခြားရေးရာ သုတေသနပညာရှင်ဖြစ်သူ ကွန်နာဗစ်ဒလာက ပြောကြားထားသည်။

“အသစ်ခေါ်ယူထားသူတွေနဲ့ ပထမဆုံးတွဲဆုံပွဲမှာ ကျူက တရုတ်ကွန်မြူနစ်ပါတီ၏ လုပ်ငန်းဆိုင်ရာ ကျင့်ထုံးများကို အသိပေးခဲ့သလို နိုင်ငံခြားရေးရာ သင်တန်းသားများအနေဖြင့် စစ်သားများကဲ့သို့ပင် ဖြစ်ကြောင်း ကြေညာခဲ့တယ်။ စစ်မှုထမ်းတစ်ဦးအဖြစ်မှ သံတမန်တစ်ဦးအဖြစ်သို့ ပြောင်းလဲရန် အားထုတ်ခြင်းသည် ကျူက သံတမန်သစ်များအား ပေးအပ်သည့် တာဝန်ဖြစ်သည်။ ၎င်းတို့အများစုသည် လယ်သမားများ၊

ကောလိပ်ကျောင်းသားများ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မှ ဗိုလ်ချုပ်ဟောင်းများဖြစ်သည်။ ကျူ၏ သံတမန်ရေးရာ မူဝါဒကို ၎င်းတို့ မျိုးဆက်အသီးသီးက လိုက်နာဆောင်ရွက်ခဲ့ကြသည်” ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

တရုတ်၏ စီးပွားရေး အလျင်အမြန်တိုးတက်မှုနှင့် စစ်အင်အား တောင့်တင်းလာခြင်းသည် မကြာသေးမီနှစ်များအတွင်း တရုတ်ခေါင်းဆောင်များအတွက် ယုံကြည်မှု ပိုမိုရှိစွာဖြင့် ပြောဆိုနိုင်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly