အိန္ဒိယ ဂျမူးတွင် စွန်လွှတ်ပြိုင်ပွဲ၌ စိတ်ပါဝင်စားသူ ၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့

By India Blooms News Service
02 September 2021
အိန္ဒိယ ဂျမူးတွင် စွန်လွှတ်ပြိုင်ပွဲ၌ စိတ်ပါဝင်စားသူ ၅၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့

အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုနယ်မြေဖြစ်သောဂျမူးတွင် အိန္ဒိယ၏ ၇၅နှစ်မြောက် လွတ်လပ်ရေးနေ့တွင် AzadikaAmritMahotsavဟုခေါ်သည့် ပြည်သူပါဝင်လှုပ်ရှားမှု အထိမ်းအမှတ်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဂျမူးခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ပြုလုပ်သော စွန်လွှတ်ပြိုင်ပွဲကို သြဂုတ်လ ၂၈ရက်က ကျင်းပခဲ့ရာ စိတ်ပါဝင်စားသူ ၅၀ ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ဂျမူးတိုင်းဒေသကြီးကော်မရှင်နာ ဒေါက်တာလန်ဂါက အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ပြိုင်ပွဲသို့ စွန်လွှတ်ဝါသနာရှင် စုစုပေါင်း ၅၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အပြာရောင်ကောင်းကင်တွင် ပုံစံအမျိုးမျိုး၊ အရောင်စုံလင်ပြီး အရွယ်အစားမျိုးစုံရှိသော စွန်များဖြင့် ပြည့်နှက်နေသဖြင့် လူတိုင်း၏ စိတ်ကိုကြည်နူးစေခဲ့သည်။

“ စွန်လွှတ်ခြင်းက အိန္ဒိယယဉ်ကျေးမှုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ စွန်တွေက ကျွန်တော်တို့ကို အိမ်ကနေဆွဲထုတ်လာပြီး ကလေးဘဝကို ပြန်အမှတ်ရစေပါတယ်” ဟု ဒေါက်တာလန်ဂါက ဆိုခဲ့သည်။

ယခုစွန်လွှတ်ပြိုင်ပွဲသည် ဂျမူးခရီးသွားညွှန်ကြားမှုဦးစီးဌာနှင့် JKTDC တို့ပူးပေါင်းပြီး Tawi River Front Park တွင် ဒုတိယ အကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်သည်။

“ စွန်တွေက ရှေးပဝေသဏီကထဲက ရိုးရာတစ်ခုအနေနဲ့ ပါဝင်ခဲ့ပြီး ယနေ့ခေတ်အထိ အမျိုးမျိုးသော ပွဲတော်တွေနဲ့ ခံစားချက်တွေကို ဖော်ပြဖို့ စွန်လွှတ်တင်နေကြဆဲပါပဲ” ဟု ဂျမူးခရီးသွားလုပ်ငန်းမှ ဒါရိုက်တာဗစ်ဗီခါနန်ရိုင်က ပြောကြားခဲ့သည်။

"ဂျမူးမှာစွန်လွှတ်ပြိုင်ပွဲ ကျင်းပဖို့ စဉ်းစားကတည်းက ကျွန်တော်တို့ တုံ့ပြန်မှုကောင်းကောင်းတွေ ရလိမ့်မယ်ဆို တာ အသေချာသိနေပါတယ်။ ကျွန်တော်တို့ အစပျိုးလုပ်ဆောင်ချက်တွေကို စေ့စေ့စပ်စပ် အောင်အောင်မြင် မြင်လုပ်ဆောင်ပေးပြီး စွန်လွှတ်ဖို့အတွက် အိန္ဒိယအပ်ချည်ကို သုံးတဲ့အတွက် ဂျမူးနယ်သားတွေကို ကျေးဇူးတင်ပါတယ် " ဟု သူက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly