လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏ အမျိုးသမီး ပြန်လည်လွတ်မြောက်လာ

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏ အမျိုးသမီး ပြန်လည်လွတ်မြောက်လာ

အရပ်သားအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၏အမျိုးသမီး ဒေါ်ခင်စန္ဒာဝင်းသည် ဖမ်းဆီးခံရပြီး ခြောက်ရက်အကြာတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

၎င်းအနေဖြင့် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဦးနိုင်ငံလင်း၏ (Naing Ngan Lin) အကောင့်မှတဆင့် ယနေ့ ရေးသားဖော်ပြခဲ့ပြီး၊ မခင်စန္ဒာဝင်း၏ အကောင့် ပျက်သွားသဖြင့် ဦးနိုင်ငံလင်း၏ အကောင့်မှ အသိပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျွန်မကို ၃၀-၈-၂၀၂၁ ည ၈နာရီလောက်မှာ အိမ်သို့ ပြန်ပို့ပါတယ်။ ကျွန်မနဲ့ အတူ ဖမ်းဆီးထားသောသူတွေလည်း ကျွန်မအပါအဝင် လေးယောက်၊ ငါးယောက်လောက်ပါတယ်။ သူတို့၏နေအိမ်တွေကို လိုက်ပို့ပေးပါတယ်။ ညီမအတိအကျတော့ ဘယ်သူတွေလဲဆိုတာတော့  အတိအကျမသိပါဘူး။ မျက်လုံစည်းထားလို့ပါ။ ညီမပြည်သူကိုတင်ပြတာပါ” ဟု ရေးသားဖော်ပြထားသည်။

ရန်ကုန် အင်းစိန် အကျဉ်းထောင်အတွင်းရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသော လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းထံသို့ သြဂုတ် ၂၅ ရက်တွင် ထောင်ဝင်စာသွား ရောက်ပို့ဆောင်စဉ် ၎င်းနှင့်အတူ ၁၁ နှစ်အရွှယ် သားဖြစ်သူ စံနိုင်ငံလင်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required