စစ်ကောင်စီတပ်က သေဆုံးရဲဘော်၂ ဦးအလောင်းကို အိမ်သာကျင်းထဲပစ်ထား

စစ်ကောင်စီတပ်က သေဆုံးရဲဘော်၂ ဦးအလောင်းကို အိမ်သာကျင်းထဲပစ်ထား

မင်းတပ်မြို့နယ် ချပ်ရွာတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်သားနှစ်ဦးအလောင်းကို မိုးကာဖြင့်ပတ်ပြီး အိမ်သာကျင်းထဲပစ်ချထားခဲ့သည်ဟု ဒေသခံများအပြောအရသိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲရှိ ချပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို  ယမန်နေ့က CDF(မင်းတပ်)အဖွဲ့မှ ခြုံခိုပစ်ခတ်ခဲ့ရာက သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများဖြစ်သည်။ 
 
စစ်ကောင်စီတပ်များဆုတ်ခွာသွားချိန်တွင် အိမ်သာကျင်းထဲရှိအလောင်းများကို ရွာသားများက မီးသဂြိုလ်ပေးခဲ့ရသည်။

အဆိုပါတပ်သည် ခရစ်ယာန်ဘာသာဝင်များ အလေးအမြတ်ထားသည့် ဘုရားကျောင်းထဲတွင် ခေါင်ရည်၊အရက်စသည့် မူးယစ်ဆေးဝါးများ သောက်စားခြင်း၊ရွာထဲရှိ နွား‌နောက်တစ်ကောင်ကို သတ်စားခြင်း၊လူနေအိမ်များကို သေနတ်များဖြင့် ရမ်းပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ယနေ့မနက်အစောပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

"ကျွန်တော်တို့ချပ်ရွာထဲမှာရှိတဲ့ အိမ်တွေအားလုံးကို ရစရာမရှိအောင် ဖျက်ဆီးကြတယ်။ ရွာမှာရှိတဲ့ နှစ်ခြင်းဘုရားကျောင်းနဲ့ RC ဘုရားကျောင်းအတွင်းလည်း သူတို့တွေဝင်ပြီးမွှေနှောက်ဖျက်စီးကြတယ်။ ယူလို့ရတဲ့ပစ္စည်းတွေ ယူကြတယ် ။ယူလို့မရတဲ့ ပစ္စည်းတွေကျတော့ ဖျက်စီးပစ်ခဲ့ကြတယ်"ဟု ချပ်ရွာသားတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly