Cisco စီအီးအိုဟောင်းက တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုမလုပ်ဟု ပြောကြား

Cisco စီအီးအိုဟောင်းက တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုမလုပ်ဟု ပြောကြား

Cisco ၏ တစ်ချိန်က စီအီးအိုဖြစ်ခဲ့သူ ဂျွန်ချိမ်ဘာက တရုတ်တွင် ဆယ်စုနှစ်များစွာ စီးပွားရေးလုပ်ခဲ့ပြီး ကော်ပိုရေးရှင်းခေါင်းဆောင်များ၊ အစိုးရအရာရှိများနှင့် ဆက်ဆံခဲ့ရသည်။

မတူညီသောဆက်ဆံမှုများသည်အမြဲခက်ခဲသည်ဟု ချိမ်ဘာက ဝန်ခံခဲ့သော်လည်း အရေးကြီးဆုံးမှာ ယင်းတို့ အတွက် ကြိုတင်မှန်းဆချက်တစ်ချို့နှင့် သူနိုင်ကိုယ်နိုင်ရလဒ်များကို အာရုံစိုက်ခြင်းဖြစ်သည်။

တရုတ်အစိုးရက DIDI နည်းပညာကုမ္ပဏီ နှင့် အခြားနည်းပညာ ကုမ္ပဏီကြီးများကို စီးပွားရေး စစ်ဆင်ရေးဖြင့် နှိမ်နင်းနေချိန်တွင် ယင်းကြိုတင်မှန်းဆချက်သည် ပျောက်ကွယ်သွားခဲ့သည်ဟု ချိမ်ဘာက ဆိုသည်။

တရုတ်အရာရှိများ၏ ကြိုတင်ခန့်မှန်းမရနိုင်သည့် ရလဒ်သစ်တစ်ခုအနေဖြင့် စွန့်စားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း JC2 Ventures ၏ တည်ထောင်သူနှင့် CEO အဖြစ်ကြီးကြပ်နေသော ချိမ်ဘာက အစမျိုးနည်းပညာကုမ္ပဏီများ၏ ခေါင်းဆောင်များကို အကြံပြုခဲ့သည်မှာ တရုတ်ပြည်တွင် စီးပွားရေးလုပ်ရာတွင် ပိုမိုသတိထားရန်ဖြစ်သည်။

“နောက်ဆုံးပေါ်နည်းပညာလှုပ်ရှားမှုတွေအရ နည်းပညာအစပျိုးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေဖို့ တရုတ်တွေက အလွန်အကျူးတုန့်ပြန်နေတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ချိမ်ဘာက Yahoo Finance တိုက်ရိုက်အစီအစဉ်တွင် ပြောကြားခဲ့သည်။

“ သူတို့က မလွှဲမရှောင်သာ ကမ္ဘာ့အကြီးဆုံးစီးပွားရေးဖြစ်လာမှာလား။ ဟုတ်ပါတယ်။ နောက်ဆုံးမှာ အမေရိကန်နဲ့ တရုတ်က ပြေလည်အောင်ဖြေရှင်းနိုင်မှာလား။ ဟုတ်ပါတယ်။ ခရီးကြမ်းကြီးဖြတ်ပြီးတော့လား။ ဟုတ်ပါတယ်။ အထူးသဖြင့် နည်းပညာဦးဆောင်မှုရှိတဲ့ ကုမ္ပဏီသေးသေးလေးတစ်ခုအနေနဲ့ ယခုအချိန်မှာ တရုတ်ပြည်မှာ ကျွန်တော့်ကို ရင်းနှီးမြှုပ်နှံမလား မေးရင်တော့။ ကျွန်တော်မလုပ်ပါဘူး။”

တရုတ်နည်းပညာကုမ္ပဏီများကို တင်းကျပ်ခြင်းကြောင့် လူသိများသည် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံသူများကို လက်တွန့်စေခဲ့သည်။

Tencent၏ ရှယ်ယာများသည် ပြီးခဲ့သည့်ခြောက်လအတွင်း ၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Alibaba (BABA) သည် ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Didiသည် ၅၀ ရာခိုင်နှုန်း နီးပါးကျဆင်းခဲ့သည်။ JD.com (JD) ရှယ်ယာများသည်နှိုင်းယှဉ်မှုအရ အကောင်းဆုံးလုပ်ဆောင်ခဲ့သော်လည်း ၂၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

Nio (NIO) နှင့် Alibabaတို့ကဲ့သို့ ထိပ်တန်းကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုများပိုင်ဆိုင်ထားသည့် Invesco Golden Dragon China ETF (PGJ) သည် လွန်ခဲ့သောခြောက်လအတွင်း ၅၅ ရာခိုင်နှုန်းကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly