အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၅၀၈၃ ဦး ထပ်မံတွေ့ရှိပြီး ပြန်လည်ကောင်းမွန်သူ ၉၇ ရာခိုင်နှုန်းကျော်ရှိ

အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၅၀၈၃ ဦး ထပ်မံတွေ့ရှိပြီး ပြန်လည်ကောင်းမွန်သူ ၉၇ ရာခိုင်နှုန်းကျော်ရှိ

အိန္ဒိယနိုင်ငံတွင် ဩဂုတ်လ ၂၈ ရက်မှ ၂၉ ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသူ ၄၅၀၈၃ ဦး ရှိခဲ့ကာ နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း ၃၂၆ ၉၅ ၀၃၀ ဦး ရှိသွားပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ဩဂုတ်လ ၂၈ ရက်မှ ၂၉ ရက်အတွင်း ရောဂါမှ ပြန်လည်ကောင်းမွန်သူ ၃၅၈၄၀ ဦး ရှိခဲ့ကာ ၉၇ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် စုစုပေါင်း ၃၁၈ ၈၈ ၆၄၂ ဦး ပြန်လည် ကောင်းမွန်သွားပြီ ဖြစ်သည်။

သေဆုံးသူ ၄၆၀ ဦးရှိခဲ့သောကြောင့် စုစုပေါင်း ၄၃၇ ၈၃၀ ဦး ရှိသွားပြီဖြစ်ကြောင်း ဩဂုတ် ၂၈ ရက် နံနက်တွင် ထုတ်ပြန်ခဲ့သည်။

အများဆုံးအနေဖြင့် ကီရာလာပြည်နယ်တွင် ဩဂုတ် ၂၈ ရက်က ကူးစက်ခံရသူ ၃၁၂၆၅ ဦး နှင့် သေဆုံးသူ ၁၅၃ ဦး ရှိခဲ့သည်။

ယင်းနေ့တွင် အိန္ဒိယတစ်နိုင်ငံလုံးအနေဖြင့် ကူးစက်ခံရသူ ၄၆၇၅၉ ဦးနှင့် သေဆုံးသူ ၅၀၉ ဦးရှိခဲ့ကြောင်း စာရင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly