အိန္ဒိယက အာဆီယံသို့ ပို့ကုန် ဒေါ်လာ ၄၆ ဘီလီယံဖိုး တင်ပို့ရန် မျှော်မှန်းထား

အိန္ဒိယက အာဆီယံသို့ ပို့ကုန် ဒေါ်လာ ၄၆ ဘီလီယံဖိုး တင်ပို့ရန် မျှော်မှန်းထား

၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယက အာဆီယံသို့ ဒေါ်လာ ၄၆ ဘီလီယံဖိုး တင်ပို့နိုင်ရန် မျှော်မှန်းထား ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး အနူပရီယာ ပတေးက သြဂုတ်လ ၂၃ရက်တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကူးသန်းရောင်းဝယ်ရေးဌာနတို့၏ ပံ့ပိုးမှုဖြင့် အင်ဂျင်နီယာပစ္စည်းများတင်ပို့မှု တိုးမြှင့်ရေးကောင်စီ (EEPC) က သြဂုတ်လ ၂၃ရက်တွင် ဦးစီးကျင်းပသည့် အိန္ဒိယ-အာဆီယံ အင်ဂျင်နီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး ထိပ်သီးအစည်းအဝေးတွင် ပတေးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ် ပတေးက“ အိန္ဒိယ ပို့ကုန်တွေ တင်ပို့မှုအတွက် အကြီးဆုံးဝယ် လက်တစ်ခုအနေနဲ့ အာဆီယံက အိန္ဒိယအတွက် အရေးကြီးတဲ့ ဒေသတစ်ခုဖြစ်ပြီး ၂၀၁၂-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ကမ္ဘာလုံးတင်ပို့မှုအတွက် ဒေါ်လာ ဘီလီယံ ၄၀ဝ ရည်မှန်းထားတာမှ အာဆီယံကို ၄၆ ဘီလီယံ လည်း ပါဝင် ပါတယ်”

“ အိန္ဒိယနဲ့ အာဆီယံမှာ ကျွမ်းကျင်လုပ်သားဦးရေ၊ အားကောင်းတဲ့ ဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍ တွေ အများကြီးရှိပါတယ်။ ပိုမိုပူးပေါင်းဆောင်ရွက်မှုအတွက် ဖြည့်စွက်ကဏ္ဍတွေ၊ ထုတ်ကုန်တွေအများကြီး ရှိပါသေးတယ်။ နှစ်ခုပေါင်း စီးပွားရေးက အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ထရီလီယံရှိပြီး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံ တိုးမြှင့်ရေးအတွက် အိန္ဒိယနဲ့ အာဆီယံကြားမှာ ကောင်းမွန်တဲ့ အလားအလာတွေ ရှိပါတယ်။"

ဝန်ကြီးချုပ် မိုဒီက ၂၀၁၂-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ကမ္ဘာလုံးတင်ပို့မှု ဒေါ်လာ ဘီလီယံ ၄၀ဝ ရည်မှန်း ထားပြီး ယင်းပန်းတိုင်အောင်မြင်ရန် လမ်းပြမြေပုံကိုလည်း မျှော်မှန်းချမှတ်ထားကြောင်း ပတေးက ဆိုသည်။

"Atmanirbhar Bharat Abhiyaanရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ပြီး အိန္ဒိယရဲ့ ကုန်ထုတ်လုပ်မှုစွမ်းရည်ကိုမြှင့်တင်ရန်အတွက် ဗဟိုအစိုးရက လျှပ်စစ်၊ ဆေးဝါး၊ ဆိုလာပြားများ၊ အထူးသံမဏိ၊ မော်တော်ကားနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ အပါအဝင်ကဏ္ဍ ၁၃ ခုအတွက် ဒေါ်လာ ၂၆ ဘီလီယံတန်ဖိုး ရှိသည့် ထုတ်ကုန်ဆက်စပ်သည့် ဆွဲဆောင်ရေးအစီအစဉ်ကို ဗဟိုအစိုးရက မကြာသေးမီက အတည်ပြုခဲ့သည်။ ”ဟု သူမက ပြောကြားခဲ့သည်။

စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုးမှုဖြင့် ၄ရက်ကြာ အိန္ဒိယ-အာဆီယံအင်ဂျင်နီယာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးသို့ အိန္ဒိယစက်မှုလုပ်ငန်းများမှ ကိုယ်စားလှယ် ၃၀ဝ ကျော်ပါဝင်လိမ့်မည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly