မန္တလေးတွင် နယ်ကျော်ကတ်၊ ဈေး၀ယ်ကတ်များကို ရှောင်တခင် စစ်ဆေးရန် စစ်ကောင်စီ ညွှန်ကြား

မန္တလေးတွင် နယ်ကျော်ကတ်၊ ဈေး၀ယ်ကတ်များကို ရှောင်တခင် စစ်ဆေးရန် စစ်ကောင်စီ ညွှန်ကြား
ပုံစာ-ပြီးခဲ့သည့် ရက်ပိုင်းက မန္တလေးမြို့တွင်းတစ်နေ့ရာမှာ နယ်ကျော်ကတ် စစ်နေသည့်ပုံ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် နယ်‌ကျော်ကတ်နှင့် ဈေး၀ယ်ခွင့်ကတ်များအား နေ့စဉ်ရှောင်တခင်စစ်ဆေးရန် ညွှန်ကြားစာကို စစ်ကောင်စီက ဩဂုတ် ၂၇ရက်တွင် ရပ်ကျေး၊ အုပ်ချုပ်ရေးမှူး အသီးသီးထံ ပို့ထားကြောင်း သိရသည်။

COVID-19 ရောဂါ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အဓိက လမ်းမကြီးများနှင့် လမ်းသွယ်များတွင် ဖြတ်သန်းသွားလာနေသူများကို စစ်ဆေးသွားရန်ဟု ညွှန်ကြားထားခြင်းဖြစ်သည်။

စစ်ဆေးရန်အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တစ်ဌာနလျှင် နှစ်ဦးစီသည် နေ့စဥ် စုရပ်သို့ လာရောက်ရမည်ဖြစ်သည်။

စုရပ်ဖြစ်သည့် ၆၂လမ်း၊၁၁၂လမ်းနှင့် ၁၁၂(A)လမ်းကြားရှိ ချမ်းမြသာစည်မြို့နယ် သစ်တောရုံးကို မနက် ၇နာရီခွဲအချိန်တွင် လာရောက်ပူးပေါင်းကြရန် စစ်ကောင်စီက အမိန့်ထုတ်သည်။

ချမ်းမြသာစည်မြို့နယ်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းများ နေ့စဥ်‌ချီတက်ဆန္ဒပြမှုများရှိ‌နေသည်။ ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အိမ်ရာများအား ၀င်ရောက် ပစ်ခတ်ရှာဖွေ ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေကြောင်းသိရသည်။

မန္တလေးခရိုင်အတွင်း ယခုရက်ပိုင်းတွင် အသွားအလာကန့်သတ်မှုများ ဖြေလျော့ထားသော် လည်း အချို့မြို့နယ်များတွင် လမ်းများပိတ်ထားသည့်အတွက် လူငယ်အချို့မှ ဖယ်ရှားရှင်းလင်းခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly