ပါကစ္စတန်နိုင်ငံ၏ ဆိပ်ကမ်းကရာချိမြို့တွင် အပူလှိုင်းကြောင့် သေဆုံးသူပေါင်း ၁၀၀ ကျော်ထက်မနည်းရှိပြီဖြစ်သည်။
နိုင်ငံတောင်ပိုင်းတွင် ကျရောက်နေသည့် အပူလှိုင်းအတွင်း သေဆုံးသူပေါင်းသည် ၁၃၁ ဦးအထိရှိကြောင်း Pakistani Geo TV က သတင်းဖော်ပြသည်။
နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ယင်းကရာချိမြို့တွင် စနေနေ့က အပူချိန် ၅၀ ဒီဂရီဆဲစီးရပ်စ်(၁၂၂ ဒီဂရီဖာရင်ဟိုက်) ရှိခဲ့ပြီးနှစ်ရက် အတွင်း လူရာနှင့်ချီ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးမှုများသည့် အပူကြောင့်ဖြစ်သည့် ရောဂါများကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနမှ အမှုဆောင်ဥက္ကဌဖြစ်သူ ဆီမီဂျာမယ်လီကအတည်ပြုပြောသည်။
မွတ်စလင်ဥပုသ်ရမဇန်လအတွင်း ပါကစ္စတန်တောင်ပိုင်းတွင် ယင်းသို့အပူလှိုင်းကျရောက်မှုအတွင်း ရေရှားပါးနှင့် လျှပ်စစ် မီးပြတ်တောက်ခြင်းများလည်း ဖြစ်ပွားနေသည်။
လျှပ်စစ်မီးပြတ်တောက်ခြင်းများက အဆိုးဆုံးအခြေအနေဖြစ်ပြီး မြို့နေ သန်း ၂၀ ရှိသည့် ကရာချိသို့ ရေထောက်ပံ့ပို့လွှတ်မှုကို လည်း လုံလောက်စွာမပေးနိုင်ဘဲဖြစ်နေသည်။
လာမည့်ရက်အတွင်း အပူချိန်ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မိုးလေဝသဌာနက ပြောသော်လည်း ဆရာဝန်များက လူများကို နေရောင်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကာ အိမ်များအတွင်းမှာပင်နေထိုင်ကြရန် တိုက်တွန်းထားသည်။
Ref: Press TV