စစ်ကောင်စီတပ်က ရိုက်နှက်တာကို PDF ကရိုက်နှက်သည်ဆိုသော သတင်းအမှား

25 August 2021
စစ်ကောင်စီတပ်က ရိုက်နှက်တာကို PDF ကရိုက်နှက်သည်ဆိုသော သတင်းအမှား

ဂန့်ဂေါမြို့နယ်ထဲက ရွာတစ်ရွာမှာနေတဲ့ အသက် ၇၂ နှစ်အရွယ်အဘိုးကို စစ်ကောင်စီတပ်က ရိုက်နှက်ခဲ့တာဖြစ်ပေမဲ့လည်း ကာကွယ်ရေးတပ် PDF တွေက ရိုက်ပါတယ်ဆိုတာ သတင်းမှားပါ။

ရိုက်ခံရတဲ့ နှမ်းခါးကျေးရွာကအဘိုးဟာ ဒဏ်ရာတွေကြောင့်ပဲ သေဆုံးသွားခဲ့ပါတယ်။

Reall page ဆိုတဲ့ facebook page တခုမှာ အဘိုး ဦးကံထောက်ကို PDF တွေရိုက်နှက်သွားတာပါဆိုပြီး ကိုအောင်စိုးသူဆိုသူတစ်ဦးက သူကိုယ်တိုင်မြင့်တွေ့ဟန် ပြောဆိုထားတာပါ။

ဒါပေမဲ့ ကာယကံရှင် ဦးကံထောက်ကိုယ်တိုင် သူမကွယ်လွန်ခင်က သူ့ကိုရိုက်နှက်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်လို့ ဗီဒီယိုမှတ်တမ်းမှာ ထုတ်ဖော်ပြောဆိုသွား့ပါတယ်။

Really page ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ကြံဝါဒဖြန့်သတင်းတွေကို ဖြန့်ချိလေ့ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly