ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်း

ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်း

ဩဂုတ် ၂၅

ချင်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ လေးဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့( CDF မင်းတပ်)၊ CDF ကန်ပက်လက်၊ CNO (ဖလမ်း၊ ကလေး၊ ကဘော) နှင့် ZFU (တီးတိန်၊ တွန်းဇံ၊ ကလေး) တို့သည် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း ဩဂုတ် ၂၄ရက် ရက်စွဲ ဖြင့်ထုတ်ပြန်ကြေညာသည်။

အဆိုပါ အဖွဲ့လေးဖွဲ့မှာ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏ လက်အောက်ခံအဖွဲ့အဖြစ် တည်ရှိမည်မဟုတ်ဘဲ လွတ်လပ်ပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာတိကျသည့် နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ရှိသော အဖွဲ့များအဖြစ် ရပ်တည်သွားမည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအဖွဲ့လေးဖွဲ့ တည်ရှိဖွဲ့စည်းထားသည့် ဒေသများတွင် ၎င်းတို့၏ သဘောထားမပါသည့် ကိစ္စရပ်များ(၎င်းတို့နှင့် သက်ဆိုင်သည့်ကိစ္စရပ်များဖြစ်သော်လည်း) ဆွေးနွေးဆုံးဖြတ်မှုကို လက်ခံမည်မဟုတ်ဟု ၎င်းတို့ကဆိုသည်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးအတွက် ခိုင်မာတိကျသည့် နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်ရှိသည့် အဖွဲ့များနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

စုပေါင်းထားသည့် အဖွဲ့လေးဖွဲ့သည် စစ်အာဏာရှင် ကျဆုံးသည်အထိ သစ္စာမပျက် အတူတကွ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly