ဂျမူး-ကက်ရှ်မီးယားအစိုးရက လက်ယက်ကန်းလုပ်ငန်းအား ကူညီပံ့ပိုး

ဂျမူး-ကက်ရှ်မီးယားအစိုးရက လက်ယက်ကန်းလုပ်ငန်းအား ကူညီပံ့ပိုး

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရက ရက်ဖျင်အဝတ်အထည်များအပါအဝင် ထုတ်ကုန်အမျိုးမျိုးအတွက် ပူဝါမာခရိုင်နှင့် ကက်ရှ်မီးယားဒေသအခြား နယ်မြေများတွင်လည်း လက်မှုပစ္စည်းများနှင့် လက်ယက်ကန်း လုပ်ငန်းများ တိုးတက်စေရန် အကူအညီပေးလျက်ရှိသည်။

“၂၀၁၄ ခုနှစ်က အဖွဲ့အစည်းတစ်ခုကို ထူထောင်ခဲ့ပြီး လက်ယက်ကန်းဌာနက အဲဒီနှစ်မှာပဲ မှတ်ပုံတင် ထုတ်ပေးခဲ့ပါတယ်။ အဲဒီကာလမတိုင်ခင်တုန်းကတော့ ဒေသတွင်းက ကုန်သည်တွေအတွက် လုပ်ပေးခဲ့ပြီး အခုခါမှာတော့ အဖွဲ့နဲ့ လုပ်ငန်းတွေကို စနေပါပြီ” ဟု လက်မှုပညာရှင်နှင့် ယက်ကန်းလုပ်ငန်းအသင်းအဖွဲ့ဝင် ဒီလဝါမာလစ်ခ်က ပြောကြားသည်။

“ကျွန်တော်တို့ ကိုယ်ပို်ငငွေတွေကို ရင်းနှီးမြှုပ်နှံခဲ့သလို ဌာနကနေလည်း ချေးငွေတွေ ရခဲ့ပါတယ်။ ကုန်ကြမ်းတွေ ဝယ်ယူပြီး လုပ်ငန်းကို စတင်ခဲ့တယ်။ အဖွဲ့ဝင် ၁၁ ဦးရှိပြီး ရက်ဖျင်ထည်တွေ၊ ပုဝါတွေ၊ မာဖလာတွေ လုပ်ပြီး အဓိကအားဖြင့်တော့ ရက်ဖျင်ထည်တွေ ထုတ်လုပ်ပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်မှာ

အမြတ်အစွန်းတွေရခဲ့သလို အစိုးရကလည်း အများကြီး ကူညီခဲ့တယ်။ ဂျမူးမှာလည်း ဆိုင် တစ်ဆိုင်ပေးခဲ့တယ်” ဟု ဒီလဝါက ပြောကြားသည်။

ပူဝါမာသည် နို့ထုတ်လုပ်သည့် ခရိုင်အဖြစ် ထင်ရှားပြီး စက်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက်လည်း အဓိကကျလျှက်ရှိသည်။ ရက်ဖျင်ထည် ထုတ်လုပ်သည့် လုပ်ငန်းမှာလည်း တိုးတက်လျှက်ရှိကာ အစိုးရ၏ ကူညီပံ့ပိုးမှု အစီအစဉ်များကြောင့် လူအများအပြား အလုပ်အကိုင်ရရှိကာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများလည်း ရရှိသည်။

“ပူဝါမာမှာ ကျွန်တော်တို့ အသင်း မှတ်ပုံတင်ထားပြီး အသင်းဝင် ၁၀ ဖွဲ့ရှိပါတယ်။ အစိုးရဆီက ရတဲ့ အကူအညီတွေ သူတို့ကို ပေးတယ်။ အားလုံးက လက်နဲ့ လုပ်တဲ့ ပစ္စည်းတွေပါ။ ရက်ဖျင်ထည်တွေထုတ်ပြီး ပြည်ပကိုလည်း ပို့တယ်။ ဈေးကွက်ရရှိအောင် လုပ်ဆောင်ပေးသလို ဒေလီဟရက်နဲ့ ဂျမူးတို့မှာလည်း ရောင်းနိုင်ကြတယ်” ဟု ပူဝါမာရှိ ခရိုင်လက်ယက်ကန်းနှင့် လက်မှုထည်များအသင်းအရာရှိ မိုဟာမက်အာရှက်ဟူစိန်က ပြောကြားသည်။

“ကက်ရှ်မီးယားဒေသမှ လက်မှုထည်နဲ့ ယက်ကန်းထည်တွေအတွက် အလားအလာအများကြီးရှိပါတယ်။ လုပ်ငန်းတွေ အများကြီးရှိပြီး ပြည်သူတွေက ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်နိုင်ကြပါတယ်။ လုပ်ငန်းတွေအပြင် အလုပ်သမားတွေကိုလည်း အကူအညီပေးပါတယ်” ဟု ဟူစိန်က ပြောကြားသည်။

လွန်ခဲ့သည့် နှစ်များက အစိုးရသည် နွားနို့ လုပ်ငန်း၊ လူမှုရေးလုပ်ငန်းနှင့် ယက်ကန်းလုပ်ငန်းများအပါအဝင် ကဏ္ဍအသီးသီးအတွက် ကူညီမှုများ ပေးခဲ့သည်။ AZMAT ဟု အမည်ပေးထားသည့် ရက်ဖျင်ထည် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသင်းဝင် ၁၁ ဖွဲ့ရှိပြီး အရည်အသွေးမြင့် ရက်ဖျင်ထည်များကို ထုတ်လုပ်ကာ ဈေးကွက်အသီးသီးသို့ တင်ပို့ရောင်းချနိုင်ရန် ပြင်ဆင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly