တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကိုဦးတည်ထားသည့် KIO ၏ ထုတ်ပြန်ချက်

တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကိုဦးတည်ထားသည့် KIO ၏ ထုတ်ပြန်ချက်

ဩဂုတ် ၂၄

KIO က လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ခုကို ယနေ့(ဩဂုတ် ၂၃ရက်) ကချင်ဘာသာဖြင့် ထုတ်ပြန်လိုက်သည်ကို ဆီလျော်အောင်ဘာသာပြန်သည်။

ထုတ်ပြန်ချက်ကို အချက်ငါးချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ထုတ်ပြန်ချက်ပါ အချက်များမှာ-

(၁) ဖေဖော်ဝါရီလ ၁ ရက် ကစ၍ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှုအရာအားလုံးသည် ပိတ်ဆို့သွားပြီး တိုင်းပြည်ဟာ အမှောင်ကျနေပြီ ဖြစ်သည်။

(၂) COVID -19 ကပ်ရောဂါ ဆိုးရွားစွာ ပြင်းထန်လာမှုကြောင့် ပြည်သူလူထုအနေဖြင့် အသက်သေဆုံးမှုများရှိခဲ့သည့်အတွက် KIO မှ စိတ်မကောင်းဖြစ်ရ‌ကြောင်းဆိုသည်။

(၃) COVID -19 ကပ်ရောဂါနှင့် ပတ်သက်၍ ကူညီထောက်ပံ့ပေးနေသည့် အိမ်နီးနားချင်းနိုင်ငံကြီး (တရုတ်နိုင်ငံကို ဆိုလိုခြင်းဟု နားလည်မိ)နှင့် ကမ္ဘာနိုင်ငံအသီးသီးမှ သက်ဆိုင်ရာ အဖွဲ့အစည်းပေါင်းစုံကိုလည်း အထူးကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ပြီး‌လည်း ကူညီထောက်ပံ့ပေးရန် ဖော်ပြပါရှိသည်။

ဒါ့အပြင် အိမ်နီးနားချင်းနိုင်ငံကြီးမှ ကူညီထောက်ပေးသည့် အကူအညီများကို KIO မှ တဆင့် လိုအပ်နေသည့်ပြည်သူများထံ ကူညီပေးရန် အသင့်ဖြစ်နေကြောင်း ဖော်ပြထားသည်။

(၄) ယခုကဲ့သို့ ကြီးမားသည့် စိန်ခေါ်မှုကြီးကို တိုင်းပြည်က ကြုံတွေ့နေရစဉ် စစ်ပွဲကိုဖန်တီး၊ စစ်ပွဲကြီးဖြစ်လာလျှင် အကျိုးမရှိကြောင်းနှင့် အဆိုပါ စစ်ပွဲများကို ရှောင်လွဲနိုင်ရန် သက်ဆိုင်သည့်အဖွဲ့ (အာဏာ သိမ်းစစ်ကောင်စီမပါ)များနှင့်လည်း တွေ့ဆုံဆွေးနွေးကာ အဖြေရှာဖို့သင့်ပါကြောင်း ပါရှိသည်။

(၅) ‌ဗဟိုကော်မတီအနေဖြင့် စစ်ပွဲကြီးများကို ရှောင်လွှဲကာ နိုင်ငံရေးပြသာနာများကို စစ်မှန်သည့် နည်းလမ်းဖြင့် ဖြေရှင်းသွားရန် မျှော်လင့်ကြောင်းအစရှိသည့် ထုတ်ပြန်ချက်ကို ကေအိုင်အိုဗဟိုကော်မတီက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly