ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးအကာအကွယ်ယူထားသည့် ဘန်ကာအနီး ဗုံးပေါက်ကွဲ

ပုသိမ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးအကာအကွယ်ယူထားသည့် ဘန်ကာအနီး ဗုံးပေါက်ကွဲ

ဩဂုတ် ၂၄

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မဟာစေတီလမ်းပေါ် ဆောက်လုပ်ရေးရုံးရှေ့ရှိ အကြမ်းဖက်စစ်အုပ်စုများ လုံခြုံရေးအကာအကွယ်ယူထားသည့် ဘန်ကာအနီးတွင် ယနေ့( သြဂုတ် ၂၄ ရက် ) နံနက် ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့သည်။

ပုသိမ်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိနိုင်ကြောင်း မြို့ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ကျွန်တော်တို့ ပြောက်ကျားတပ်ဖွဲ့ကပဲ ဖောက်ခွဲတာပါ။ ဘယ်လို ဒဏ်ရာရသွားတယ် ဆိုတာတော့ တိတိကျကျ အတည်မပြုနိုင်သေးဘူး။ ဒဏ်ရာရတဲ့ သူတော့ရှိနိုင်တယ်"ဟု ၎င်းကဆိုသည်။

စစ်ကောင်စီ၏ မတရား အာဏာသိမ်းယူပြီး နောက်ပိုင်း ပုသိမ်မြို့ပြ ပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့များက ပုသိမ်မြို့တွင် ဗုံးဖောက်ခွဲခဲ့သည်မှာ ၁၂ကြိမ် အထိ ရှိလာပြီဟုလည်းဆိုသည်။

ယနေ့မနက် ဗုံးပေါက်ကွဲမှုအပြီးတွင် ပေါက်ကွဲခဲ့သည့်နေရာသို့ ဧရာဝတီတိုင်း အကြမ်းဖက်စစ်ကောင်စီ အကြီးအကဲများ လာရောက်စစ်ဆေးသွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly