PDF တပ်ဖွဲ့များ လက်နက်ချရန် ဓာတ်တိုင်များတွင် လှုံ့ဆော်စာကပ်

PDF တပ်ဖွဲ့များ လက်နက်ချရန် ဓာတ်တိုင်များတွင် လှုံ့ဆော်စာကပ်

ဩဂုတ် ၂၄

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ အနေဖြင့် လက်နက်ချ အလင်းဝင်ရန်နှင့် PDF တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုသတင်းများကို ပေးပို့ကြရန် စာသားပါဝင်သည့် လှုံ့ဆော်စာများကို ရန်ကုန်မြို့နယ်တချို့ရှိ ဓာတ်တိုင်များတွင် ကပ်ထားကြောင်း သိရသည်။

“PDF များ လက်နက်ချပါ။ အလင်းဝင်ပါ။ မချရင် လက်စတုန်းချေမှုန်းမည်” ဟု PDF များ သိစေရန် ခေါင်းစဉ်ဖြင့် ဓာတ်တိုင်များတွင် လှုံ့ဆော်စာကပ်ထားခြင်း ဖြစ်သည်။

“NLD ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်၊ မဲခိုး၊ ကလိမ်ကကျစ် လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် မဲခိုးပါတီအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ၎င်းတို့ပါတီ ရပ်တည်မှုရှိနိုင်မည် မဟုတ်တော့ပါ” ဟုလည်း အဆိုပါစာရွက်ပေါ်တွင် ရေးသားထားသည်။

ယင်းအပြင် အေးချမ်းစွာ နေထိုင်လိုသော ပြည်သူများအနေဖြင့် PDF တပ်ဖွဲ့ဝင်များ၏ သတင်းများကို ပေးပို့ရန်နှင့် သတင်းပေးပို့သူများအား ဆုငွေချီးမြှင့်သွားမည်ဟု ထိုလှုံ့ဆော်စာတွင် ရေးသား‌ေဖာ်ပြထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူများကို ဖမ်းဆီးနိုင်ရေးအတွက် စစ်တပ်သတင်းပေးသူ (ဒလန်) များကို ဆုကြေးငွေချီးမြှင့်ပေးရန် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ဩဂုတ်လ ၂၃ ရက်နေ့တွင် တင်ပြတောင်းဆို ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly