တရုတ်၏ ကျူရောင်းအင်္ဂါဂြိုဟ် ဆင်းသက်ယာဉ် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေ

တရုတ်၏ ကျူရောင်းအင်္ဂါဂြိုဟ် ဆင်းသက်ယာဉ် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေ

တရုတ်နိုင်ငံ၏ ကျူရောင်း အင်္ဂါဂြိုဟ်ဆင်းသက်ယာဉ် ယင်းဂြိုဟ်ပေါ်သို့ သွားရောက်ကာ သက်ရှိများရှင်သန်ရန် လိုအပ်သည့် ရေများ တစ်ချိန်က ရှိခဲ့ကြောင်း အထောက်အထားရှာဖွေရန် ကနဦး လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက် အခြား လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။

တရုတ်နိုင်ငံအာကာသစီမံဆောင်ရွက်ရေးအဖွဲ့၏ ဝက်ဆိုက်၌ ဩဂုတ် ၂၀ ရက်က ရေးသားဖော်ပြထားရာတွင် ကျူရောင်း အင်္ဂါဂြိုဟ်ဆင်းသက်ယာဉ်၏ ရက်၉၀ လုပ်ငန်းငန်းတာဝန်သည် ဩဂုတ် ၁၅ ရက်က ပြီးစီးသွားပြီ ဖြစ်ကြောင်းနှင့် စက်မှုပိုင်းဆိုင်ရာ အခြေအနေကောင်းမွန်ကြောင်း၊ ဓာတ်အား အပြည့် ပြန်လည်သွင်းပြီး ဖြစ်ကြောင်း ပါရှိသည်။

ဆက်လက်၍ မေ ၁၄ ရက်က ဆက်သက်ခဲ့သည့် ယူတိုးပီးယားပလန်နီရှားဟု အမည်ပေးထားသည့် နေရာတွင် စူးစမ်းလေ့လာမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ ကျူရောင်းယာဉ်သည် ၎င်း၏အပေါ်မှ တစ်ရက်လျှင် တစ်ကြိမ် ဖြတ်သန်းသွားသည် Tianwen-1 ဂြိုဟ်ပတ် ယာဉ်မှတစ်ဆင့် ဓာတ်ပုံများနှင့် အချက်အလက်များကို ပုံမှန်ပေးပို့လျှက်ရှိသည်။

ကမ္ဘာဂြိုလ်ထက် တစ်နေ့လျှင် မိနစ် ၄၀ ပိုမိုရှည်ကြာသည့် အင်္ဂါဂြိုဟ်ပေါ်သို့ အမေရိကန်ပြီးနောက် တရုတ်သည် အာကာသယာဉ် ဒုတိယမြောက် ဆင်းသက်နို်ငသည့် နိုင်ငံဖြစ်သည်။

အမြင့် ၆ ပေ (၁ ဒသမ ၈၅ မီတာ) ရှိသည့် ကျူ‌ရောင်း ည် အမေရိကန်၏ American Perseverance ဂြိုဟ်ဆင်းယာဉ်ထက် များစွာ သေးငယ်သည်။ အမေရိကန်တို့၏ အဆိုပါအာကာသယာဉ်သည် ရဟတ်ယာဉ်အသေးတစ်စင်းနှင့် အင်္ဂါဂြိုဟ်ကို လေ့လာနေပြီး ၂၀၃၁ ခုနှစ် မတိုင်မီ ကမ္ဘာမြေသို့ ပြန်ပို့နိုင်ရန် ပထမဆုံး နမူနာကို ဇူလိုင်လတွင် စုဆောင်းနိုင်ရန် နာဆာက မျှော်လင့်ထားသည်

အမြဲတမ်းအာကာသစခန်းတစ်ခုကို တပ်ဆင်နိုင်ရန် တရုတ်တို့က ကောင်းကင်ဘုံညီညွတ်မှု ခေါ် Tianhe အာကာသယဉ်ပေါ်တွင် အာကာသယာဉ်မှူး ၃ ဦးနှင့် လုပ်ဆောင်နေသည်။ အဆိုပါ အာကာသယာဉ်ကို ဧပြီ ၂၉ ရက်က ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အာကာသယာဉ်မှူး ၃ ဦးအနက် ၂ ဦးသည် ဩဂုတ် ၂၀ ရက်က အာကာသအတွင်း ဒုတိယအကြိမ် လျှောက်လှမ်းနိုင်ခဲ့သည်။ ၎င်းတို့အားလုံး စက်တင်ဘာလတွင် ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် အဖွဲ့သစ်နှင့် အစားထိုးမည်ဖြစ်သည်။

တရုတ်သည် ၂၀၀၃ ခုနှစ်တွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ပထမဆုံး အာကာသယာဉ်မှူးကို စေလွှတ်ခဲ့ရာ ကမ္ဘာပေါ်မှ တတိယမြောက်နိုင်ငံ ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly