တရုတ်က တာလီဘန်များကို အတုယူလုပ်ဆောင်လာနိုင်ကြောင်း ထိုင်ဝမ် ပြောကြား

တရုတ်က တာလီဘန်များကို အတုယူလုပ်ဆောင်လာနိုင်ကြောင်း ထိုင်ဝမ် ပြောကြား

တရုတ်အစိုးရက တာလီဘန်များကို အတုယူလုပ်ဆောင်လာနိုင်ကြောင်းနှင့် ကွန်မြူနစ်ဝါဒ သို့မဟုတ် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကျူးလွန်နေသည့်နိုင်ငံ၏ လက်အောက်ခံဖြစ်ရန် ဆန္ဒမရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက သြဂုတ်လ ၂၁ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်ထောက်ပံ့ထားသည် အာဖဂန်နစ္စတန်အစိုးရ ကျဆုံးခြင်းသည် တရုတ်၏ ဝင်ရောက်ကျူးကျော်ခြင်းကြောင့် ထိုင်ဝမ်အနေဖြင့် အလားတူအခြေအန ဖြစ်လာနိုင် ဖွယ်ရာ ရှိမရှိကို ထိုင်ဝမ်တွင် ဆွေးနွေးငြင်းခုံမှုများ ရှိနေသည်။

တရုတ်နိုင်ငံပိုင် မီဒီယာများကလည်း ထိုင်ဝမ်အနေဖြင့် အမေရိကန်အစိုးရကို ယုံကြည်၍မရခြင်းကို အာဖဂန်နစ္စတန်အစိုးရ၏ အခြေအနေက သက်သေပြထားကြောင်း ဖော်ပြလျှက်ရှိသည်။

တရုတ်က ထိုင်ဝမ်အပေါ် ဖိအားပေးခြင်းကို ရပ်တန့်ရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တောင်းဆိုချက်ကို တွစ်တာတွင် တုံ့ပြန်ရာ၌ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူက ထိုင်ဝမ်ပြည်သူများ၏ ဆန္ဒများနှင့် အကောင်းဆုံးအကျိုးစီးပွားများကို ပံ့ပိုးပေးသည့်အတွက် အမေရိကန်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ကွန်မြူနစ်ဝါဒ၊ အာဏာရှင်စနစ်နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုတွေက ဒီမိုကရေစီနဲ့ လွတ်မြောက်ရေးတွေမှာ သူတို့ပါဝင်ပါတယ်”

"တရုတ်က တာလီဘန်တွေကို အတုယူဖို့ စိတ်ကူးနေပါတယ်၊ ကျွန်တော် ပြတ်ပြတ်သားသားပြောပါရစေ၊ ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုခုခံကာကွယ်ဖို့ ဆန္ဒတွေနဲ့ နည်းလမ်းတွေရှိပါတယ်" ဟု ဝူက အသေးစိတ်မပြောဘဲ ထပ်လောင်းပြောကြားခဲ့သည်။

ရှင်ကျန်းတွင် လှုပ်ရှားနေသော အစ္စလာမ္မစ်အစွန်းရောက်ဝါဒီများဟု တရုတ်အစိုးရက ယူဆသူများအပေါ် သက်ရောက်မှုဖြစ်လာနိုင်သည်ကို တရုတ်ကစိုးရိမ်သော်လည်း တာလီဘန်များနှင့် ဆက်ဆံရေး တည်ဆောက်ရန် တရုတ်က ကြိုးပမ်းခဲ့သည်။

အာဖဂန်နစ္စတန်သည် ထိုင်ဝမ်နှင့် တရုတ်တို့အကြား နောက်ဆုံး သတိထားစရာ ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့သည်။

မကြာသေးမီလများအတွင်း ထိုင်ဝမ်အနီးတွင် တရုတ်လေတပ်နှင့် ရေတပ်စစ်ရေးလေ့ကျင့်မှုများအပါအဝင် တရုတ်၏ သံတမန်ရေးနှင့် စစ်ရေးဖိအားများ အရှိန်မြှင့်လာကြောင်း ထိုင်ဝမ်က ထုတ်ဖော်ပြောဆိုခဲ့သလို အမေရိကန်နှင့် အခြားအနောက်နိုင်ငံများကလည်း ယင်းအခြေအနေကို စိုးရိမ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly