ပါကစ္စတန်၌ အသေခံဗုံးဖောက်ခွဲမှုတွင် ကလေး ၂ ဦး သေဆုံးပြီး တရုတ်နိုင်ငံသား ဒဏ်ရရ

ပါကစ္စတန်၌ အသေခံဗုံးဖောက်ခွဲမှုတွင် ကလေး ၂ ဦး သေဆုံးပြီး တရုတ်နိုင်ငံသား ဒဏ်ရရ

ပါကစ္စတန်နို်ငငံတွင် တရုတ်လူမျိုးများကို တင်ဆောင်လာသည့် မော်တော်ယာဉ်တန်းတစ်ခုအား အသေခံဗုံးခွဲ တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသား ၁ဦး ဒဏ်ရာရရှိခဲ့ပြီး ပါကစ္စတန် ကလေး ၂ ဦး သေဆုံးခဲ့ကြောင်း အစ္စလာမာဘတ်ရှိ တရုတ်သံရုံးက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

“အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပါကစ္စတန်နို်ငငံဆိုင်ရာ တရုတ်သံရုံးက ပြင်းထန်စွာ ရှုတ်ချပါတယ်။ ၂ နှစ်နိုင်ငံစလုံးက ထိခိုက်ဒဏ်ရာရသူတွေအတွက် စိတ်မကောင်းပါဘူး။ ပါကစ္စတန်က အပြစ်မဲ့တဲ့ သေဆုံးသွားသူတွေအတွက်လည်း များစွာ ဝမ်းနည်းကြေကွဲပါတယ်” ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘာလိုချီစတန်ဒေသ ဂဝါဒါမြို့ရှိ အမြန်လမ်းဖောက်လုပ်သည့် စီမံကိန်းတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဒဏ်ရာရရှိသူအများအပြားကို နယ်မြေအတွင်းရှိ ဆေးရုံတစ်ရုံသို့လည်း ပို့ဆောင်ပေးခဲ့ကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုအပေါ် သေချာစွာ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် တရုတ်သံရုံးက ပါကစ္စတန်အစိုးရကို တောင်းဆိုထားသည်။ မည်သည့်အဖွဲ့ကမှ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်မထားသေးပေ။

ဇူလိုင်လအတွင်းကလည်း ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆည်တည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားသည့် အလုပ်သမားများ၏ ဘတ်စ်ကားကို အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသား ၉ ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။

တိုက်ခိုက်မှုနောက်ကွယ်တွင် Tehrik-e-Taliban Pakistan ဟု အမည်ပေးထားသည့် ပါကစ္စတန် တာလီဘန် စစ်သွေးကြွများရှိကြောင်း ပါကစ္စတန်နို်ငငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ပိုးလမ်းမရပ်ဝန်းသစ် စီမံကိန်းအောက်ရှိ တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ၏ အစိတ်အပို်ငးတစ်ရပ်အဖြစ် တရုတ်အစိုးရက ပါကစ္စတန်၏ အခြေခံအဆောက်အဦ စီမံကိန်းများတွင် ဒေါ်လာ ၆၅ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည်။

“ပထဝီနိုင်ငံရေးအရ အားသာချက်ရဖို့ အကြမ်းဖက်နည်းလမ်းကို အသုံးပြုတဲ့ အဖွဲ့အားလုံးကို တရုတ်က အခိုင်အမာကန့်ကွက်ပါတယ်” ဟု ပြီးခဲ့သည့် လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအပေါ် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက တုံ့ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ People's Daily သတင်းစာက အဆိုပါ ဘတ်စ်ကားဗုံးပေါက်ကွဲမှုသည် ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်နိုင်ငံသားများကို အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly