အိမ်ထောင်စု ၇၀၀ အတွက် ဟိန္ဒူဘုရားကျောင်းမှ စားသောက်ကုန်များလှူဒါန်း

အိမ်ထောင်စု ၇၀၀ အတွက် ဟိန္ဒူဘုရားကျောင်းမှ စားသောက်ကုန်များလှူဒါန်း

စစ်အာဏာသိမ်းမှုနှင့် COVID- 19 တတိယလှိုင်းဒဏ် ကြောင့် အခက်အခဲဖြစ်နေသည့် အိမ်ထောင်စု ၇၀၀ နီးပါးအား ရန်ကုန် ပုစွန်တောင်မြို့နယ်၊ ၅၁ လမ်း ဟိန္ဒူဘုရားကျောင်းမှ အခြေခံစားသောက်ကုန်များလှူဒါန်းခဲ့ကြောင်းသိရသည်။

ယနေ့ ဩဂုတ် ၂၂ ရက် ညနေခင်း ၃ နာရီတွင် "သင်တို့နှင့် အတူ ကျွန်ုပ်တို့ ရှိနေသည်ကို မမေ့ပါနဲ့" ဟူသည့် ခေါင်းစဉ်ဖြင့် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု ၅၀၀ အတွက်ပစ္စည်း ကိုး မျိုးလှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။

ပစ္စည်းကိုးမျိုးမှာ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ Mask ၊ ဓာတ်ဆား၊ ခေါက်ဆွဲခြောက်၊ အသားတုနှင့် ပါပလာကြော်(ဟိန္ဒူလူမျိုးများ ထမင်းစားပီးနောက်သာကူနှင့် အ‌ေကြာ်တခုရောစားသည့်အရာ)တို့ဖြစ်သည်။

“အလှူရှင်တွေရဲ့စုပေါင်းအားရယ်၊ ဘုရားကျောင်းက လူငယ်တွေရယ် စုပြီးလှူဖြစ်သွားတာပါ၊ အခက်အခဲရှိတဲ့အိမ်တွေကို ကိုယ်တိုင်သွားကြည့်ပီး (ဒလ၊ တောင်ဒဂုံ၊ သာကေတ) တိုကင် တစ်ရက်ကြိုတင်ပေးပါတယ်၊ ပြီးတော့ ဒီနေ့လှူပါတယ်၊ လူမျိုးဘာသာမရွေးဘဲ အားလုံးအတွက်ရည်ရွယ်ပါတယ်၊ နောက်ထပ်လည်း ထပ်ပြီးလှူဖို့ရှိပါသေးတယ်” ဟုဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဩဂုတ်လ၁၁ ရက်ကလည်း ထိုပစ္စည်းများအား အိမ်ထောင်စု ၁၇၀ စာအတွက်လှူဒါန်းခဲ့သေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly