နှမ်းခါးရွာအနီးရှိ Mytel တာဝါတိုင်မှပစ္စည်းများဖြုတ်ယူခံရ

နှမ်းခါးရွာအနီးရှိ Mytel တာဝါတိုင်မှပစ္စည်းများဖြုတ်ယူခံရ

ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာမြောက်ဘက်တွင်ရှိသည့် အာဏာသိမ်းစစ်ကောင်စီမှပိုင်ဆိုင်သည့် Mytel တာဝါတိုင်မှ ပစ္စည်းများဖြုတ်ယူသွားမှု ယမန်နေ့ ဩဂုတ်လ ၂၁ ရက်ညပိုင်းတွင်ဖြစ်ပွားကြောင်း သိရသည်။

“ပစ္စည်းတွေယူသွားတာဟုတ်ပါတယ်၊ ဒီမနက်သတင်းတွေရလို့သွားကြည့်တာ အဲ့တာကိုအတည်ပြုပါတယ်၊ အရင်ရက်တွေက‌ တော့လူငယ်တွေရွာမှာကင်းစောင့်ကြတယ်၊ ခုရက်ပိုင်းကင်းစောင့်တာနားထားတာ၊ ဘယ်လိုလူတွေ ဖြုတ်ယူသွားမှန်းတော့မသိဘူး” ဟုဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်ထိ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှလာရောက်စစ်ဆေးခြင်းမျိုးမရှိသေးပေ။

နှမ်းခါးရွာတွင် ဩဂုတ်လ ၁၈ ရက်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်တပ်စွဲပြီး အသက် ၇၂ အရွယ်ဦးကံထောက်အား ရိုက်နှက်ကန်ကျောက်မှုဖြစ်ပွားပြီး ဩဂုတ် ၂၁ ရက်မနက်ပိုင်းတွင် ဦးကံထောက်အသက်ဆုံးပါးခဲ့ရသည်။

နှမ်းခါးရွာသည် ဂန့်ဂေါမြို့နှင့် ၁၃ မိုင်အကွာတွင်တည်ရှိပြီး လူဦးရေ ၅၀၀၀ ခန့်နေထိုင်သည့် ရွာကြီးတစ်ရွာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly