နွေဦးတော်လှန်ရေးကဗျာ ခံစားမှုပြပွဲ အတွက် ကဗျာများ ဖိတ်ခေါ်

နွေဦးတော်လှန်ရေးကဗျာ ခံစားမှုပြပွဲ အတွက် ကဗျာများ ဖိတ်ခေါ်

ဩဂုတ် ၂၁

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ပြည်တွင်း ပြည်ပမှသူများ စုစည်းကာ အကောင်အထည်ဖော်သည့် နွေဦးတော်လှန်ရေးကဗျာ ခံစားမှုပြပွဲအတွက် ကဗျာစာမူများ ဖိတ်ခေါ်နေပြီး လာမည့် ဩဂုတ် ၂၂ရက်တွင် ကဗျာများကို စတင်ပေးပို့နိုင်မည်ဖြစ်သည်။

Federal Freedom Bloc နှင့် Synergy Social Harmony Organization တို့ကဦးဆောင်ကာ သြဂုတ် ၂၂ ရက်မှ သြဂုတ် ၂၉ ရက်အထိ ၈ ရက်ကြာ ကဗျာစာမူများကို လက်ခံမည်ဖြစ်သည်။

စစ်အာဏာရှင်၏ ဆိုးသွမ်းသည့် စရိုက်သဘာဝကို လူထုပိုမိုသိရှိနိုင်ရန်နှင့် လက်ရှိတွင် လူထုလူတန်းစား အားလုံးပါဝင်နေသည့် အာဏာရှင်တော်လှန်ရေးအကြောင်း ပီပီပြင်ပြင် ဖော်ညွှန်းရန် "နွေဦးတော်လှန်ရေးကဗျာခံစားမှုပြပွဲ" ကိုကျင်းပခြင်းဖြစ်သည်ဟု ယင်းအစီအစဥ်ကို ဦးဆောင်သူများက ပြောသည်။

" တော်လှန်ရေးကဗျာတွေ လူထုကြားထဲမှာ စိမ့်ဝင်ပြီး တော်လှန်ရေးအရှိန် ပိုမြင့်တက်လာအောင် အဓိက ရည်ရွယ်တာ" ဟု Federal Freedom Blocမှ ကိုရဲဝေအောင်က ပြောသည်။

ယင်း ၈ ရက်ကြာ ပြပွဲသို့ ကဗျာပေးပို့လိုသူ ကဗျာဆရာများအတွက်

စည်းကမ်းချက်များကို အောက်ပါအတိုင်း သတ်မှတ်ထားသည်။

၁။ ကဗျာဆရာတစ်ဦးလျှင် ကဗျာ (၃) ပုဒ် ဖြင့် ၀င်ရောက် ပါ၀င်နိုင်သည်။

၂။ မိမိကိုယ်တိုင်ရေးသားထားသည့် ကဗျာများဖြစ်ကြောင်း၀န်ခံချက် ပေးရမည်။

၃။ သြဂုတ် ၂၂ ရက် မှ ၂၉ ရက် နေ့အတွင်း ကဗျာများကို ပေးပို့ရမည်။

၄။ မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် ကဗျာများသာ ဖြစ်ရမည်။

၅။ မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံသူ မြန်မာနိုင်ငံသား မည်သူမဆို ပါ၀င်နိုင်သည်။

၆။ ဆုရွေးချယ်မှုကို Share အများဆုံးဖြင့် ဆုံးဖြတ်မည်။

၇။ ပြိုင်ပွဲကျင်းပရေး၏ ဆုရွေးချယ်မှုသာ အတည် ဖြစ်သည်။

၈။ ကဗျာများကို Federal Freedom Bloc (Messenger) နှင့် [email protected] သို့ပေးပို့ရမည် ဖြစ်သည်။

၈။ဆုများကို စက်တင်ဘာ (၁) ရက် နေ့တွင် ကြော်ငြာပေးသွားမည် ဖြစ်သည်။

ဆုကြေးအနေ​ဖြင့် ပထမဆုကို တစ်သိန်းကျပ်နှင့် ဂုဏ်ပြုလက်မှတ်၊ဒုတိယဆုကို ငါးသောင်းကျပ် နှင့်ဂုဏ်ပြုလက်မှတ် နှင့် နှစ်သိမ့်ဆုငါးဆု ချီးမြင့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly